(က)ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)အရ လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည် ဟုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသည်။
(ခ)နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (ခ) အရလယ်မြေမှ တစ်ပါးလယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါသည်။
(ဂ)လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ အသုံးပြုခွင့်ရရှိလိုသူသည် နည်းဥပဒေ ၈၂ အရ မြို့နယ်ဦးစီးဌာနရုံးဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးသို့ လျှောက်လွှာပုံစံ(၁၄) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး၊ နည်းဥပဒေ ၈၃ အရ မြို့နယ်ဦးစီးဌာနရုံးသည် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လုပ်ငန်းစာတွဲအား ဖွင့်လှစ်ပြီး၊ နည်းဥပဒေ ၈၄ အရ ရက်ပေါင်း (၃၀) အတွင်း လုပ်ငန်းစာတွဲအား စိစစ်ရမည်ဖြစ်ပါသည်။
(ဃ)မြို့နယ်ဦးစီးဌာနရုံးသည် နည်းဥပဒေ ၈၅ အရ သဘောထားမှတ်ချက်ဖြင့် လုပ်ငန်းစာတွဲကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၆ အရ (၁၅) ရက်အတွင်း လုပ်ငန်းစာတွဲကိုစိစစ်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် နေပြည်တော် ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့သို့ ဆက်လက်တင်ပြရမည်ဖြစ်ပါသည်။
(င)ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၈၇၊ နည်းဥပဒေခွဲ (က) အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ မှ သဘောထားမှတ်ချက်ဖြင့် တင်ပြလာသော လယ်မြေပေါ်တွင် အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ထုတ်ပေးရမည် ဖြစ်ပြီး၊ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သည် နည်းဥပဒေ ၈၇၊ နည်းဥပဒေခွဲ (ခ) အရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှသဘောထား မှတ်ချက်ဖြင့် တင်ပြလာသော လယ်မြေမှတစ်ပါး အခြားလယ်ယာမြေများပေါ်တွင် အခြားနည်း သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ ၁၅ (က) ထုတ်ပေးဆောင်ရွက် လျက်ရှိပါသည်။
(က)လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ပြည်သူများ အလွယ် တကူ သုံးစွဲနိုင်ရန်အတွက် ဌာနမှ ထိန်းသိမ်းထားရှိသော တည်ဆဲနှစ် အတွင်း အသုံးပြုလျှက်ရှိသည့် စာရင်းမြေပုံများမှ မိတ္တူ (သို့မဟုတ်) ကောက်နုတ်ချက် (မြေစာရင်းပုံစံ-၁၀၅)၊ (သက်သေခံမြေပုံ)/ မြေစာရင်းပုံစံ (၁၀၆) (ဦးပိုင် တစ်ခု၏ ရာဇဝင်) များအား မြေစာရင်းလက်စွဲဥပဒေ၊ တည်ဆဲအမိန့်/ ညွှန်ကြားချက်နှင့်အညီ ရေးကူးဆောင်ရွက်ပေးလျက်ရှိပါသည်။
(ခ)မြေစာရင်းပုံစံ (၁၀၅) လျှောက်ထားလိုသူသည် မြေစာရင်းပုံစံ (၁၀၃) မြေစာရင်းမြေပုံနှင့် မှတ်တမ်းများ ရေးကူးခွင့်လျှောက်လွှာပုံစံဖြင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာမှူးထံ လျှောက်ထားရပါမည်။
(ဂ)မြေစာရင်းပုံစံ (၁၀၃) ၏ အပိုင်း (ခ) မြေစာရင်း၊ မြေပုံနှင့်မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူ ကိုယ်တိုင်ရေးသွင်း ဖော်ပြ၍ လက်မှတ်ရေးထိုးရပါမည်။
(ဃ)မြေစာရင်းပုံစံ (၁၀၅) ရေးကူးလိုသည့် မြေကွက် အကြောင်းအရာ အချက် အလက်များကို သက်ဆိုင်ရာစာရင်း၊ မြေပုံဖြင့် တိုက်ဆိုင်၍ မှန်ကန်စွာ ရေးသွင်းဖော်ပြရပါမည်။
(င)လျှောက်ထားသူမှ ရေကူးလိုသည့် အကြောင်းအရာကို ဖော်ပြရပါမည်။
(စ)လျှောက်လွှာတွင် ပိုင်ဆိုင်သူ (သို့မဟုတ်) သက်ဆိုင်သူကိုယ်တိုင် လျှောက်ထား ခြင်း ဖြစ်ပါက ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် သက်ဆိုင် ကြောင်း အထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွှဲစာကို လည်းကောင်း ပူးတွဲ တင်ပြရပါမည်။
(ဆ)မြေစာရင်း၊ မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားရာတွင် လျှောက်ထားသည့် ဦးပိုင်တစ်ခုအတွက် ၂၀၁၄ ခုနှစ်၊ ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ရုံးခွန်တံဆိပ်ခေါင်း (၅၀ိ/-) ကျပ် ကပ်နှိပ် အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။
(ဇ)လျှောက်ထားသူသည် အထောက်အထားပြည့်စုံစွာဖြင့် တင်ပြလာပါက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေစာရင်းပုံစံ (၁၀၅)ရေးကူးခြင်းကို (၁၅)ရက်အတွင်းရေးကူးပေးလျက်ရှိပါသည်။
(က)လယ်ယာမြေနည်းဥပဒေ ၄ အရ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူ သည် မိမိအသုံးပြုခွင့် ရရှိထားသော လယ်ယာမြေအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားလိုသူမှ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ ပုံစံ(၁)ကို သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် အခမဲ့ရယူ၍ ပြည့်စုံစွာ ဖြည့်စွက်ပြီးနောက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။
(ခ)လယ်ယာမြေနည်းဥပဒေ ၅ အရ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၃ သို့မဟုတ် ၄ အရ လျှောက်ထားသော လုပ်ပိုင်ခွင့်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ စိစစ် ထောက်ခံချက်ဖြင့် ပေးပို့ရမည်။
(ဂ)လယ်ယာမြေနည်းဥပဒေ ၆ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသည် လက်ခံရရှိသည့် လျှောက်လွှာကို လယ်ယာမြေ လုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲ ဖွင့်လှစ်၍ ယင်းလျှောက်လွှာလက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း ကန့်ကွက်လွှာ ထုတ်ဆင့်သည့် ကြေငြာစာပုံစံ (၂) ဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးနှင့် လယ်ယာမြေ တည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေငြာခြင်း၊ ထိုသို့ကြေငြာရာတွင် ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ကန့်ကွက်နိုင်ကြောင်း ဖော်ပြကြေငြာရပါမည်။
(ဃ)လယ်ယာမြေနည်းဥပဒေ ၉ အရ ကန့်ကွက်ချက် တစ်စုံတစ်ရာရှိပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ (၇) ရက် အတွင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးသို့ တင်ပြရပါမည်။
(င)လယ်ယာမြေနည်းဥပဒေ ၁၀ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးသည် တင်ပြချက်ကို လက်ခံရရှိသည့်အခါ ရက်ပေါင်း (၃၀) အတွင်း လုပ်ငန်းစာတွဲအား မြို့နယ်ဦးစီးမှူး၏ သဘောထားမှတ်ချက် နှင့်အတူ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရပါမည်။
(စ)လယ်ယာမြေနည်းဥပဒေ ၁၁ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ ၁၀ အရ တင်ပြလာသည့် လုပ်ငန်းစာတွဲကို စိစစ်၍ (၇) ရက် အတွင်း သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သဘောထားမှတ်ချက်ဖြင့် တင်ပြရမည်ဖြစ်ပါသည်။
(ဆ)လယ်ယာမြေနည်းဥပဒေ ၁၂ အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထပ်ဆင့် စိစစ်၍ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း (သို့မဟုတ်) ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနရုံးသို့ လုပ်ငန်းစာတွဲ လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း အကြောင်းကြား ဆောင်ရွက်ရမည်။
(ဇ)လယ်ယာမြေနည်းဥပဒေ ၁၃ အရ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြု ကြောင်း အကြောင်းကြားချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူကို လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ရန်အတွက် ဦးစီးဌာနရငွေစာရင်းသို့ မှတ်ပုံတင်ကြေး (၅၀၀) ကျပ်ကို ပေးသွင်းစေ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင် စာရင်းပုံစံ (၅) တွင် မှတ်တမ်း တင်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြခြင်းနှင့်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ အကြောင်းကြားချက်အရ ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေလုပ်ပိုင်ခွင့် ငြင်းပယ်ခံရသူများ၊ မှတ်ပုံတင် စာရင်း (၆) တွင် မှတ်တမ်းတင်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရပါမည်။
(ဈ)လယ်ယာမြေနည်းဥပဒေ ၁၄ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက်နှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခံရသူထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း၊ အကြောင်းကြား စာပုံစံ (၈) ဖြင့် ပေးပို့အကြောင်းကြားရမည်ဖြစ်ပါသည်။
(ည)သို့ဖြစ်ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) စတင်လျှောက်ထား သည်မှ ပုံစံ (၇) ထုတ်ပေးသည်အထိ ကန့်ကွက်မှုမရှိပါက (၁၁၁) ရက်ကြာမြင့် မည်ဖြစ်ပြီး၊ ကန့်ကွက်မှုရှိပါက (၁၅၅) ရက် ကြာမြင့်မည်ဖြစ်ပါသည်။
ဝန်ဆောင်မှုခေါင်းစဉ် |
ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ် ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက် များ |
(၁) ပုဂ္ဂလိကပျားမွေးမြူသူတစ်ဦးသည်ပျားလုပ်ငန်းဌာနမှ ဖွင့် လှစ်သော သင်တန်းတစ်ခုခုသို့ တက်ရောက်ပြီးသူ ဖြစ်ရပါ မည်။ ပျားမွေးမြူရေးအား စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။ (၂) ပုဂ္ဂလိက ပျားမွေးမြူမှုလိုင်စင်လျှောက်ထားသူအား မြို့နယ် ဦးစီးမှူးများ ပါဝင်သောအဖွဲ့မှ ပျားမွေးမြူရေး အတတ် ပညာ စစ်ဆေးပြီး တက်မြောက်ကြောင်း လက်ခံနိုင်မှသာ လိုင်စင်ထုတ်ပေးပါမည်။ (၃) ပျားမွေးမြူမှု လိုင်စင်လျှောက်ထားလိုသူသည် ပျားအုံများ အား ဝယ်ယူ၍ ကိုင်တွယ် မွေးမြူမည်ဆိုပါက ပုဂ္ဂလိက ပျား မွေးမြူမှု လိုင်စင်စာအုပ် ပြုလုပ်ထားရှိမှသာ မွေးမြူရ မည် ဖြစ်ပါသည်။ (၄) ပုဂ္ဂလိက ပျားမွေးမြူမည်ဆိုပါက အနည်းဆုံးပျားအုံ (၂၀) အုံရှိမှသာ မွေးမြူခွင့် လိုင်စင်ပြုလုပ်ပေးမည် ဖြစ်ပါသည်။ (၅) ပုဂ္ဂလိကပျားမွေးမြူမှုလိုင်စင်အား သက်တမ်း(၁)နှစ်သာ ပေးထား ဘဏ္ဍာနှစ်အလိုက် ဧပြီလမှ မတ်လကုန် အထိ သတ်မှတ်ထားသောကြောင့် (၁)နှစ်လျှင် တစ်ကြိမ် သက် တမ်း တိုးရပါမည်။ |
ဝန်ဆောင်ခ |
- ၁၅၀၀ ကျပ် |
လိုအပ်သော စာရွက်/ စာတမ်းများ |
- မှတ်ပုံတင်မိတ္တူနှင့် လိုင်စင်ဓါတ်ပုံ(၂)ပုံ - အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင် - ပျားသင်တန်း တက်ရောက်ပြီးစီးမှု သက်သေခံလက်မှတ် မိတ္တူ (၁)စောင် - ကိုယ်ရေးအချက်အလက် အကျဉ်းချုပ် - ပျားအုံ စတင်မွေးမြူသည့် ရက်စွဲ၊ ပျားအုံ အရေအတွက်၊ မွေးမြူမည့် မြို့နယ်/ တိုင်းဒေသကြီး/ ပြည်နယ် - ဌာနမှထုတ်ပြန်ထားသော မွေးမြူရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာနိုင်ခြင်း ရှိ/မရှိ - တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဦးစီးမှူးများ၏ ထောက်ခံ ချက်စာ( မူရင်း ) |
ဝန်ဆောင်မှုပေး မည့်ဌာန၏ ဆက်သွယ်ရမည့် လိပ်စာ |
နေပြည်တော် ရုံးအမှတ်-၃၆၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်း ဌာန။ ( သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်များမှ တစ်ဆင့် ) |
ဝန်ဆောင်မှု ခေါင်းစဉ် |
တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ် AHD/PC(3) လျှောက်ထားခြင်း |
||||
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက် များ |
မိမိမွေးမြူထားသော တိရစ္ဆာန်များ၊ မိမိဝယ်ယူထားသော တိရစ္ဆာန်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သယ် ဆောင်လိုပါက ဖြတ်သန်းသွားလာနိုင်ရန်အတွက် တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက်လက်မှတ် လျှောက်ထားရန် လိုအပ် ပါသည်။ (က)တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ် ရရှိရန် တိရစ္ဆာန်အားတိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုး နှံထားရမည်။ (ခ) တိရစ္ဆာန်သည် မျက်မြင်အားဖြင့်လည်း ကျန်းမာကြောင်း စစ်ဆေးတွေ့ရှိရပါမည်။ (ဂ) မိမိမွေးမြူထားသော တိရစ္ဆာန်များအတွက် မွေးမြူရေးခြံ မှတ်ပုံတင်ထားရမည်။ (ဃ) ဝန်ဆောင်ခ သက်တမ်းသည် (၃)လ ဖြစ်ပါသည်။ |
||||
ဝန်ဆောင်ခ |
ကျွဲ၊ နွား |
(၁) ကောင် |
= |
၂၅ |
ကျပ် |
|
ဝက် |
(၁) ကောင် |
= |
၂၀ |
ကျပ် |
|
သိုး၊ ဆိတ် |
(၁) ကောင် |
= |
၁၅ |
ကျပ် |
လိုအပ်သော စာရွက် စာတမ်းများ |
တိရစ္ဆာန်၏ မှတ်တမ်း ဓါတ်ပုံ၊ တိရစ္ဆာန်အရေအတွက်၊ ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ ထောက်ခံချက် |
လျှောက်ထားရန် အဆင့်များ |
|
|
|
အဆင့် ၁ - |
ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်အတွက် ဆောင်ရွက်ခြင်း |
|
|
တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ် မထုတ်ပေးခင်တွင် တိရစ္ဆာန်၏ ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်ရရှိရေး ဆောင်ရွက်ရန်လိုပါသည်။ |
|
အဆင့် ၂- |
တိရစ္ဆာန်အားကာကွယ်ဆေးထိုးရန်ဆောင်ရွက် ခြင်း |
|
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အား ဆေးထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးကြောင်း |
|
အဆင့် ၃ - |
|
|
|
တိရစ္ဆာန်အား မျက်မြင်အားဖြင့်လည်း ကျန်းမာ ရေးစစ်ဆေးထားဖို့လိုပါသည်။ |
ဝန်ဆောင်မှု ပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ |
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ |
၁။ |
မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊ ညောင်ဦးမြို့နယ်၊ |
|
၂။ |
ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊ |
|
၃။ |
စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ် |
|
၄။ |
ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုး မြို့နယ်၊ ဖရူဆိုးမြို့နယ်၊ ရှားတောမြို့နယ်၊ ဘော်လခဲ မြို့နယ်နှင့် ဖားဆောင်းမြို့နယ် |
|
၅။ |
ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တလင်း မြို့နယ် |
|
၆။ |
ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ် |
Website Address |
|
ဝန်ဆောင်မှု ခေါင်းစဉ် |
ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံချက်လက်မှတ် AHD/PC (1) လျှောက်ထားခြင်း |
|
||
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံချက်လက်မှတ်ရရှိရန် အောက်ပါအခြေခံ အချက်များ လိုအပ်ပါသည်-
|
|
||
ဝန်ဆောင်ခ |
ကျွဲနွားဒေါင့်သန်း၊ လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ် တို့အတွက် ကာကွယ်ဆေးထိုး ဝန်ဆောင်ခ(၁)ကျပ်၊ ခွာနာလျှာနာကာကွယ်ဆေးထိုးဝန်ဆောင်ခ(၁၅)ကျပ် |
|||
လိုအပ်သော စာရွက်စာတမ်းများ |
ပိုင်ရှင်အမည်၊ လိပ်စာ၊ တိရစ္ဆာန်နှင့်ပတ်သက်သော အချက်အလက်များ |
|||
လျှောက်ထားရန်အဆင့်များ |
လျှောက်ထားပုံ အဆင့် ၁ - ကာကွယ်ဆေးထိုး ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ် ရရှိ ရန် အတွက် တိရစ္ဆာန်အား ကာကွယ်ဆေးထိုးရန် လိုအပ်ပါ သည်။ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဦးစီးဌာမှ ကာကွယ်ဆေး များ လုံလောက်စွာထုတ်လုပ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် ဒေသများသို့ ဖြန့်ဖြူးပြီး၊ ဆက်လက်၍ ခရိုင်၊ မြို့နယ်၊ ဦးစီးရုံးများသို့ ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ ခရိုင်/ မြို့ နယ်/ ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများမှလည်း ကျေးရွာ အရောက် ကာကွယ်ဆေးထိုးကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိပါသည်။ အဆင့် ၂- ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း ကာကွယ်ဆေးအမှန်တကယ်ထိုးပြီးမှသာ ကာကွယ်ဆေးထိုး ပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေး မည်ဖြစ်ပါ သည်။ |
|||
ဝန်ဆောင်မှု ပေးသည့် ဌာန အားဆက်သွယ်ရမည့်လိပ်စာ |
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
|||
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ |
၁။ |
မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊ ညောင်ဦးမြို့နယ်၊ |
||
|
၂။ |
ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊ |
||
|
၃။ |
စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ် |
||
|
၄။ |
ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမော ဆိုးမြို့နယ်၊ ရှားတောမြို့နယ်၊ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် |
||
|
၅။ |
ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တ လင်းမြို့နယ် |
||
|
၆။ |
ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်း မြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ် မြို့နယ်နှင့် မတူပီမြို့နယ် |
||
Website Address |
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
ဝန်ဆောင်မှု ခေါင်းစဉ် |
မျိုးခြံလုပ်ငန်း/ ဥဖောက်လုပ်ငန်း/ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ် AHD/PC (7) လျှောက်ထားခြင်း |
|||||||
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
(၁) |
မျိုးခြံလုပ်ငန်း/ မွေးမြူရေးခြံလုပ်ငန်းအတွက် လျှောက်ထားလိုသူသည် ခြံအဆောက် အဦးနှင့် ပတ်ဝန်းကျင်အနေအထားနှင့် ပတ်သက်၍ လူနေအိမ်နှင့်ဝေးကွာခြင်း၊ အဆောက်အဦး တစ်ခုနှင့်တစ်ခုနီးကပ်မှုမရှိခြင်း၊ သန့်ရှင်းသပ်ရပ်မှု ရှိခြင်းများ လိုအပ် ပါသည်။ |
||||||
|
|
- |
၎င်းအပြင် မွေးမြူထားသည့်တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးအစီအစဉ်၊ ရောဂါဖြစ်ပွားမှု ကာကွယ်ကုသမှုမှတ်တမ်းများ လိုအပ်ပါသည်။ |
|||||
|
|
- |
မျိုးခြံမှထုတ်လုပ်သည့်အမျိုးအစား(တိရစ္ဆာန်/မျိုးဥ/အခြား)၊ တစ်နှစ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးသည့်ဒေသများလိုအပ်ပါသည်။ |
|||||
|
(၂) |
ဥဖေါက်လုပ်ငန်းအတွက် လျှောက်ထားလိုသူသည် ခြံ၊ အဆောက်အဦးနှင့်ပတ်ဝန်းကျင်အနေအထားနှင့်ပတ်သက်၍ လူနေအိမ်နှင့် ဝေးကွာခြင်း၊ အနီးဆုံးရှိမွေးမြူရေးခြံနှင့် နီးကပ်မှုမရှိခြင်း၊ ရေရှိမှုဆောင်ရွက်ခြင်း၊ စွမ်းအင်ရရှိရန် ဆောင်ရွက်ခြင်းများ လိုအပ်ပါသည်။ |
||||||
|
|
- |
ဥဖောက်လုပ်ငန်းအတွက် မျိုးဥရယူမည့်မျိုးခြံတွင် ကြက်ချေးဖြူရောဂါစမ်းသပ်မှု၊ IBD နှင့် NDကာကွယ်ဆေးပုံမှန်ထိုးမှု အထောက်အထားများ လိုအပ်ပါသည်။ |
|||||
|
|
- |
ဓါတ်ခွဲခန်းစစ်ဆေးခြင်း မှတ်တမ်းလိုအပ်ပါသည်။ |
|||||
|
(၃) |
ဝန်ဆောင်ခ သက်တမ်းသည် (၁)နှစ် ဖြစ်ပါသည်။ |
||||||
ဝန်ဆောင်ခ |
|
မျိုးခြံမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း |
||||||
|
(က) |
ဥစား၊ အသားစား ကြက်ဘဲမျိုးခြံ |
ကောင်ရေ |
နှုန်း(ကျပ်) |
||||
|
|
|
၂၀၀-၅၀၀ |
၂၀၀ |
||||
|
|
|
၅၀၁-၁၀၀၀ |
၅၀၀ |
||||
|
|
|
၁၀၀၁-၂၀၀၀ |
၁၀၀၀ |
||||
|
|
|
၂၀၀၁-၃၀၀၀ |
၂၀၀၀ |
||||
|
|
|
၃၀၀၁-၅၀၀၀ |
၃၀၀၀ |
||||
|
|
|
၅၀၀၁-၁၀၀၀၀ |
၅၀၀၀ |
||||
|
|
|
၁၀၀၀၁-အထက် |
၁၀၀၀၀ |
||||
|
(ခ) |
ဥစားငုံးခြံ |
ကောင်ရေ |
နှုန်း(ကျပ်) |
||||
|
|
|
၅၀၀-၁၀၀၀ |
၁၅၀ |
||||
|
|
|
၁၀၀၁-၂၀၀၀ |
၂၅၀ |
||||
|
|
|
၂၀၀၁-၃၀၀၀ |
၅၀၀ |
||||
|
|
|
၃၀၀၁-အထက် |
၁၀၀၀ |
||||
|
|
ဥဖောက်စက်လုပ်ငန်းမှတ်ပုံတင် ခြင်း (ကြက်၊ ဘဲ၊ ငုံး) |
မျိုးဥထည့်လုံးရေ |
နှုန်း(ကျပ်) |
||||
|
|
|
၁၀၀၀-၂၀၀၀ |
၁၀၀၀ |
||||
|
|
|
၂၀၀၁-၃၀၀၀ |
၂၀၀၀ |
||||
|
|
|
၃၀၀၁-၅၀၀၀ |
၃၀၀၀ |
||||
|
|
|
၅၀၀၁-၁၀၀၀၀ |
၅၀၀၀ |
||||
|
|
|
၁၀၀၀၁-၂၀၀၀၀ |
၁၀၀၀၀ |
||||
|
|
|
၂၀၀၀၁- အထက် |
၂၀၀၀၀ |
||||
|
|
အသား၊ နို့၊ ဥထုတ်လုပ်ဖြန့်ဖြူး သောမွေးမြူရေးခြံ စစ်ဆေးခြင်း |
ကောင်ရေ |
နှုန်း(ကျပ်) |
||||
|
(က) |
နို့စားကျွဲ၊ နို့စားနွား |
|
|
||||
|
|
|
၅-၁၀ |
၁၀၀ |
||||
|
|
|
၁၁-၂၀ |
၂၀၀ |
||||
|
|
|
၂၁-၃၀ |
၃၀၀ |
||||
|
|
|
၃၁-၅၀ |
၄၀၀ |
||||
|
|
|
၅၁-အထက် |
၅၀၀ |
||||
|
(ခ) |
ဝက်မွေးမြူရေးခြံစစ်ဆေးခြင်း |
ကောင်ရေ |
နှုန်း(ကျပ်) |
||||
|
|
|
၁၀-၂၀ |
၅၀ |
||||
|
|
|
၂၁-၅၀ |
၁၀၀ |
||||
|
|
|
၅၁-၁၀၀ |
၂၀၀ |
||||
|
|
|
၁၀၁-၂၀၀ |
၃၀၀ |
||||
|
|
|
၂၀၁-၅၀၀ |
၄၀၀ |
||||
|
|
|
၅၀၁-အထက် |
၅၀၀ |
||||
|
(ဂ) |
ဥစားကြက်၊ အသားစားကြက် ဥစားဘဲ၊ အသားစားဘဲခြံ စစ်ဆေးခြင်း |
ကောင်ရေ |
နှုန်း(ကျပ်) |
||||
|
|
|
၂၀၀-၅၀၀ |
၅၀ |
||||
|
|
|
၅၀၁-၁၀၀၀ |
၁၀၀ |
||||
|
|
|
၁၀၀၁-၂၀၀၀ |
၂၀၀ |
||||
|
|
|
၂၀၀၁-၃၀၀၀ |
၃၀၀ |
||||
|
|
|
၃၀၀၁-၅၀၀၀ |
၄၀၀ |
||||
|
|
|
၅၀၀၁-၁၀၀၀၀ |
၅၀၀ |
||||
|
|
|
၁၀၀၀၀-အထက် |
၁၀၀၀ |
ဝန်ဆောင်မှု ခေါင်းစဉ် |
မျိုးတိရစ္ဆာန် မှတ်ပုံတင်လက်မှတ် AHD/PC (9) လျှောက်ထားခြင်း |
|||||
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ |
မျိုးတိရစ္ဆာန်မှတ်ပုံတင်လက်မှတ် ရရှိရန် မျိုးတိရစ္ဆာန်အား စစ်ဆေး ရန် လိုအပ်ပါသည်။ |
|||||
(က) |
လိုအပ်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးထားရမည်။ |
|||||
|
(ခ) |
အဆုတ်ရောဂါဖြစ်ပွားခြင်း မရှိသည့် မျိုးတိရစ္ဆာန် ဖြစ်ရပါ မည်။ |
||||
|
(ဂ) |
သားလျောရောဂါဖြစ်ပွားခြင်း မရှိသည့် မျိုးတိရစ္ဆာန်ဖြစ်ရပါမည်။ |
||||
|
(ဃ) |
မျိုးနွားသိုး/ မြင်းသိုး (၅)ကောင်၊ ဝက်သိုး (၁၀)ကောင်၊ မွေးမြူ ထားပါက ခြံမှတ်ပုံတင်ရန် လိုအပ်ပါသည်။ |
||||
ဝန်ဆောင်ခ |
နွားသိုး၊ မြင်းသိုး |
(၁)ကောင် |
= |
၅၀၀ |
ကျပ် |
|
|
ဝက်သိုး |
(၁)ကောင် |
= |
၂၅၀ |
ကျပ် |
|
|
သားလျှောရောဂါစစ်ဆေးခြင်း |
|
= |
၆၅၀၀ |
ကျပ် |
|
|
တီဘီရောဂါစစ်ဆေးခြင်း |
|
= |
၃၀၀၀၀ |
ကျပ် |
|
လိုအပ်သော စာရွက် စာတမ်းများ |
ပိုင်ရှင်၏ ဓါတ်ပုံ၊ တိရစ္ဆာန် ဓါတ်ပုံ၊ ပိုင်ရှင်၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ ရက်ကွက်ထောက်ခံချက် |
လျှောက်ထားရန် အဆင့်များ |
လျှောက်ထားပုံ |
||
အဆင့် ၁- |
ခြံမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း |
||
|
|
မျိုးတိရစ္ဆာန်များ မှတ်ပုံတင်နိုင်ရန် ခြံမှတ်ပုံတင်ထားရန် လိုအပ်ပါသည်။
|
|
|
အဆင့် ၂- |
ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ် ရရှိရန် ဆောင်ရွက်ထားခြင်း |
|
|
|
မျိုးတိရစ္ဆာန်အား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး များထိုးနှံထားရန် လိုအပ်ပါသည်။ |
|
|
အဆင့် ၃- |
အဆုတ်ရောဂါ၊ တီဘီရောဂါစစ်ဆေးခြင်း |
|
|
|
မျိုးတိရစ္ဆာန် (ကျွဲ၊ နွား၊ မြင်း၊ ဆိတ်)အား အဆုတ်ရောဂါ၊ တီဘီရောဂါ ရှိ/ မရှိ စစ်ဆေးထားရန် လိုအပ်ပါသည်။ |
|
|
အဆင့် ၄- |
သားလျှောရောဂါ စစ်ဆေးခြင်း |
|
|
|
မျိုးတိရစ္ဆာန်အား သားလျှောရောဂါ ရှိ/ မရှိ စစ်ဆေးထားရန် လိုအပ်ပါသည်။ |
|
ဝန်ဆောင်မှု ပေး သည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ |
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
|
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ |
၁။ |
မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊ ညောင်ဦးမြို့နယ်၊ |
၂။ |
ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊ |
|
|
၃။ |
စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ် |
|
၄။ |
ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးမြို့နယ်၊ ဖရူဆိုးမြို့နယ်၊ရှားတောမြို့နယ်၊ ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် |
|
၅။ |
ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တလင်းမြို့နယ် |
|
၆။ |
ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ် |
Website Address |
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်းကြီးဌာန၊ lbvd.gov.mm မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
ဝန်ဆောင်မှု ခေါင်းစဉ် |
အများပြည်သူစားသုံးရန် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေး စစ်ဆေးခြင်း AHD/PC (13) နှင့် အသားစစ်ဆေးခြင်း |
|
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
လုပ်ငန်းဆောင်ရွက်သူသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ ခွင့်ပြုချက်နှင့် သတ်ဖြတ်မည့် တိရစ္ဆာန်ကျန်းမာရေး စစ်ဆေးချက်များ၊ သတ်ဖြတ်ပြီး သော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်း စစ်ဆေးချက်၊ သားသတ်ရုံ စစ်ဆေးချက်များ လိုအပ်ပါသည်။ |
|
|
(က) |
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စည်ပင်သာယာရေး နယ်နိမိတ်များမှအပ အခြားဒေသများတွင် တိရစ္ဆာန်ပိုင်ရှင်သည် သတ်ဖြတ်မည့် တိရစ္ဆာန်၏ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ ဦးစီးဌာနတာဝန် ရှိဝန်ထမ်း၏ စစ်ဆေးမှုခံယူရမည်။ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ရရှိမှသာ တိရစ္ဆာန်ကို သတ်ဖြတ်ရမည်။ |
|
(ခ) |
သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်းကို ကူးစက်ရောဂါနှင့် စားသုံးသူပြည်သူအား ဘေးအန္တရာယ်ဖြစ်စေသော ရောဂါကင်းရှင်းမှု ရှိ/ မရှိကို ဦးစီးဌာန၏ စစ်ဆေးမှုကိုခံယူပြီး၊ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ရရှိမှသာ အများပြည်သူ စားသုံးရန် ဖြန့်ဖြူးရောင်းချရန် လိုအပ်ပါသည်။ |
ဝန်ဆောင်ခ |
ကျွဲ၊ နွား |
(၁)ကောင် |
= |
၃၅ |
ကျပ် |
|||
|
ဝက် |
(၁)ကောင် |
= |
၁၅ |
ကျပ် |
|||
|
သိုး၊ ဆိတ် |
(၁)ကောင် |
= |
၁၀၀ |
ကျပ် |
|||
|
အသားစစ်ဆေးခြင်း |
|
= |
၃၀၀၀၀ |
ကျပ် |
|||
လိုအပ်သော စာရွက် စာတမ်းများ |
လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ်၊ မှတ်ပုံတင် မူရင်း၊ မိတ္တူ |
|||||||
လျှောက်ထားရန် အဆင့်များ |
လျှောက်ထားပုံ |
|||||||
အဆင့် ၁- |
သားသတ်ရုံစစ်ဆေးပေးပါရန် လျှောက်ထားခြင်း |
|||||||
|
|
လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် သားသတ်ရုံအား ဦးစီးဌာန ၏ စစ်ဆေးမှုခံယူပြီး၊ ဦးစီးဌာနမှ လုပ်ကိုင်ခွင့်လက်မှတ် ရရှိရရေး ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ |
||||||
|
အဆင့် ၂- |
သတ်ဖြတ်မည့်တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးခြင်း |
||||||
|
|
သတ်ဖြတ်မည့် တိရစ္ဆာန်သည် ကူးစက်ရောဂါကင်းရှင်း ခြင်း ရှိ/ မရှိ စစ်ဆေးခံယူပါမည်။ |
||||||
|
အဆင့် ၃- |
သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်း များအား ကူးစက်ရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း |
||||||
|
|
သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏ အသားနှင့် အစိတ်အပိုင်း များတွင် ကူးစက်ရောဂါနှင့် စားသုံးသူပြည်သူအား ဘေး အန္တရာယ်ဖြစ်စေနိုင်သော ရောဂါကင်းရှင်းမှု ရှိ/ မရှိ ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရပါမည်။ |
||||||
ဝန်ဆောင်မှု ပေး သည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ |
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
|||||||
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ |
၁။ |
မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊ ညောင်ဦးမြို့နယ်၊ |
||||||
၂။ |
ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်၊ |
|||||||
|
၃။ |
စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ် |
|
|||||
|
၄။ |
ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုးမြို့နယ်၊ ဖရူဆိုး မြို့နယ်၊ ရှားတောမြို့နယ်၊ ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် |
|
|||||
|
၅။ |
ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တလင်းမြို့နယ် |
|
|||||
|
၆။ |
ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ် |
|
|||||
Website Address |
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
|
၀န်ဆောင်မှုခေါင်းစဉ် |
ရေထွက်ပစ္စည်းများ Normal & Border Trade ဖြင့် တင်ပို့ ခြင်း။ |
၀န်ဆောင်ခ |
မရှိပါ |
လိုအပ်သော စာရွက်စာတမ်းများ |
(က) တင်ပို့မည့်ကုမ္ပဏီ၏ Letter Head ဖြင့်Application Letter တင်ရန် (ခ) တင်ပို့လိုသည့် ကုမ္ပဏီ၏ မှတ်ပုံတင်၊ ထုတ်ကုန် သွင်းကုန် လိုင်စင်၊ Sale Contract ၊ Invoice ၊ Packing list မိတ္တူများ (ဂ) Micro စစ်ဆေးခပေးသွင်းထားသည့် ပြေစာ မိတ္တူ (ဃ) Chemical စစ်ဆေးခပေးသွင်းထားသည့် ပြေစာ မိတ္တူ (င) Physical စစ်ဆေးခပေးသွင်းထား သည့် ပြေစာမိတ္တူ |
၀န်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ် ရမည့်လိပ်စာ |
ငါးလုပ်ငန်းဦးစီးဌာန၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင် လမ်းမ ကြီး၊ အင်းစိန်မြို့နယ်။ |
Website Address |
http://www.dof.gov.mm ငါးလုပ်ငန်းဦးစီးဌာန |
ဝန်ဆောင်မှုခေါင်းစဉ် |
တောင်သူများ၏စိုက်ပျိုးရေးဆိုင်ရာနည်းပညာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် Call Center ဖွင့်လှစ်ဆောင်ရွက်ခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ် ချက်များသတ်မှတ်ထားခြင်းရှိပါက ဖော်ပြပေးပါရန် |
-မရှိပါ- |
ဝန်ဆောင်ခ |
ဝန်ဆောင်ခပေးဆောင်ရခြင်းမရှိပါ။ |
လိုအပ်သောစာရွက်စာတမ်းများ |
- |
ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
|
ဝန်ဆောင်မှုတည်ရှိသည့်နေရာ |
Call Center ၊ရုံးအမှတ်(၄၃)၊ အဆောင်သစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
website စာမျက်နှာ |
|
Facebook စာမျက်နှာ |
|
Call Center ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စိုက်ပျိုးရေးနည်းပညာလုပ်ငန်းများကို Media Agricultural Extension Method ဖြစ်သည့် Facebook စာမျက်နှာ (www.facebook.com/ doamoali)နှင့် website www.doa.govmm များပေါ်တွင်လည်း စိုက်ပျိုးရေးနည်းပညာ စာအုပ် စာတမ်းများ၊ ဌာနမှပြဌာန်းထားသော ဥပဒေ၊နည်းဥပဒေများစသည့် သတင်းအချက်အလက်များကို ထည့်သွင်းဖော်ပြဆောင်ရွက်လျှက်ရှိသည့်အပြင် တောင်သူလယ်သမားရုပ်သံကဏ္ဍ Farmer Channel ရုပ်သံလိုင်းတွင်လည်း ထုတ်လွှင့်ပညာပေးလျှက်ရှိပြီး တောင်သူစိုက်ခင်းများတွင် တွေ့ကြုံရသော လယ်ယာသီးနှံပြသနာများကို မေးမြန်းဖြေကြားနိုင်ရန် ၂၀၁၇ ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် Call Center ဖွင့်လှစ်ထားရှိခဲ့ပြီး Hot Line နံပါတ် ၀၁-၂၃၉၉၅၅၅ ဖြင့်လည်းကောင်း၊ ကြိုးဖုန်းနံပါတ် ၀၆၇-၄၁၀၁၃၉ ဖြင့်လည်းကောင်း၊ Viber ဖုန်းနံပါတ်-၀၉-၇၆၄၀၀၀၈၄၁ တို့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ၂၀၁၇ခုနှစ်၊ မတ်လမှ (၁၅.၉.၂၀၁၇) အထိ Hot Line ဖြင့် မေးမြန်းခြင်း (၂၆၉)ခု၊ Viber ဖြင့် မေးမြန်းခြင်း(၂၄၃)ခု၊ ကြိုးဖုန်းဖြင့်မေးမြန်းခြင်း (၁၄၉)ခုနှင့် Facebook ဖြင့် မေးမြန်းခြင်း (၁၃၅)ခု၊ စုစုပေါင်း (၇၉၆)ခု ဖြေကြားဆောင်ရွက်နိုင်ခဲ့ပါသည်။ |
ဝန်ဆောင်မှုခေါင်းစဉ် |
တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့်ရေထွက်ပစ္စည်းများဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ် ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
(က) မြန်မာ့ပင်လယ်ရေပြင်အတွင်းလုပ်ကိုင်နေသည့်် ငါးဖမ်းရေယာဉ်များမှဖမ်းဆီးရမိသည့် ပင်လယ်ရေထွက်ပစ္စည်းများဖြစ်ရမည်။ (ခ) မြန်မာနိုင်ငံမှ ပင်လယ်ရေထွက်ပစ္စည်းများကိုဥရောပနိုင်ငံများသို့ တင်ပို့ခြင်း(သို့)ဥရောပနိုင်ငံများသို့ တဆင့်တင်ပို့မည့်နိုင်ငံများကတောင်းခံပါကထုတ်ပေးမည်ဖြစ်ပါသည်။ |
လိုအပ်သောစာရွက်စာတမ်းများ |
ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် - (က) Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ (ခ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration ) (ဂ) ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ (Product Movement Document –PMD) (ဃ) လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မည့်ပြေစာ (င) ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက် (စ) ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement) နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့် တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်- (က) ပြည်တွင်းငါးသယ်လိုင်စင် (ခ) ပြည်ပတင်ပို့ငါးသယ်လိုင်စင် (ဂ) ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice) |
|
(ဃ) အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration ) (င) ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်းမှတ်တမ်း(Transshipped Document) (စ) ဆိပ်ကမ်းခွန်များပေးဆောင်ပြီးကြောင်းထောက်ခံချက်(Port Clearance) (ဆ)ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက်( Processing Statement) |
ဝန်ဆောင်ခ |
အခမဲ့ |
လျှောက်ထားရန်အဆင့်များ |
(က) အထောက်အထားစုံလင်ပါကငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့်ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိခရိုင် ငါးလုပ်ငန်းဦးစီးဌာနများသို့ လျှောက်ထားရပါမည်။ |
Website Address |
၀န်ဆောင်မှုခေါင်းစဉ် |
ရေထွက်ပစ္စည်းလက်ခစားစနစ် (Contract Processing) ဆောင်ရွက်ရန်ပြည်ပမှတင်သွင်းခြင်းအတွက်ထောက်ခံချက်ထုတ်ပေးခြင်း |
ဝန်ဆောင်ခ |
မရှိပါ။ |
လိုအပ်သောစာရွက်စာတမ်းများ |
တင်သွင်းလာသည့် ရေထွက်ပစ္စည်းများ ရောက်ရှိလာချိန် တွင် အောက်ပါစာရွက် စာတမ်းများဖြင့် တိုက်ဆိုင်စစ်ဆေး ပါသည် - (က) တင်သွင်းသည့်ငါးများ၏ Country Origin (ခ) Sanitary Certificate (ဂ) HACCP Certificate (ဃ) Invoice (ကုန်ပို့လွှာ) (င) Packing List (ပို့ကုန်စာရင်း) |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ငါးလုပ်ငန်းဦးစီးဌာန၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင် လမ်းမ ကြီး၊အင်းစိန်မြို့နယ် |
Website Address |
http://www.dof.gov.mm ငါးလုပ်ငန်းဦးစီးဌာန |
ဝန်ဆောင်မှု ကဏ္ဍ |
|
ခေါင်းစဉ် |
ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း |
သင်တန်းကာလ |
(၅)နှစ်သင်တန်း |
ဝင်ခွင့် အရည်အချင်းသတ်မှတ်ချက် |
(က) ဝင်ခွင့်လျှောက်ထားချိန်၌တည်ဆဲနိုင်ငံသား ဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ (ခ ) တက္ကသိုလ်ဝင်စာမေးပွဲတွင်မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝဗေဒဘာသာတွဲဖြင့်အောင်မြင်သူဖြစ်ရမည်။ (ဂ ) တက္ကသိုလ်ဝင်စာမေးပွဲတွင်စုစုပေါင်းရမှတ် (၃၈၀)နှင့်အထက်ရရှိသူ ဖြစ်ရမည်။ (ဃ) ကွင်းလက်တွေ့လုပ်ငန်းများတွင်ကျောင်းသား၊ကျောင်းသူများကိုယ်တိုင် ပါဝင်လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ပါသဖြင့်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး(က)အဆင့် ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူဖြစ်ရမည်။ |
လိုအပ်သောစာရွက်စာတမ်း များနှင့်အထောက်အထားများ |
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းသက်ဆိုင်ရာကျောင်းအုပ်ကြီး ၏ထောက်ခံချက်(မူရင်း) (ခ ) အမှတ်စာရင်း(မူရင်း) (ဂ ) လျှောက်ထားသူနှင့်မိဘနှစ်ပါးတို့၏နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ) (ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းရဲစခန်း၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ထောက်ခံ ချက်(မူရင်း) (င ) လိုင်စင်ဓာတ်ပုံ (၃)ပုံ |
လျှောက်လွှာ လက်ခံမည့် ဌာန |
ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် |
ဆက်သွယ်ရန် ဖုန်းနံပါတ် |
၀၆၇ - ၄၁၆၅၁၂ နှင့် ၀၆၇ - ၄၁၆၅၁၃ |
လျှောက်လွှာပေးပို့ရမည့် လိပ်စာ |
ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်။ |
ထပ်မံ ဖြည့်စွက်ချက် |
သတ်မှတ်ရက်ထက် နောက်ကျသောလျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာ များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မမှန်မကန်ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါ ကရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း၊တက္ကသိုလ်မှထုတ်ပယ်ခြင်းခံရမည်။ |
၀န်ဆောင်မှုကဏ္ဍ |
|
၀န်ဆောင်မှုခေါင်းစဉ် |
နိုင်ငံခြားမှ ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး / ပုစွန် သားပေါက်များနှင့်အလှမွေးငါးများတင်သွင်းရန်အတွက်လျှောက်ထားခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ် ချက်များ |
လျှောက်ထားလိုသူသည် ငါးလုပ်ငန်းဦးစီးဌာနနှင့် သက်ဆိုင်သော ငါးမွေးမြူရေး အစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး/ပုစွန် သား ပေါက်များနှင့်အလှမွေးငါးများအား နိုင်ငံခြားမှ မြန်မာ နိုင်ငံသို့ တင် သွင်းရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနတွင် သွင်းကုန်လိုင်စင် လျှောက်ထား ရန် အတွက် ထောက်ခံချက်ထုတ်ပေးရာတွင် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပါသည်။ |
၀န်ဆောင်ခ |
မရှိပါ |
လိုအပ်သော စာရွက်စာတမ်းများ |
(၁) ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်းများ၊ ဆေးဝါးများ အတွက်- (က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ (ခ) နိုင်ငံခြားဘဏ်တွင် နိုင်ငံခြားငွေ ရှိ/ မရှိ အထောက် အထား (ဂ) တင်သွင်းမည့်ကုန်ပစ္စည်းများ၏ အမည်စာရင်း (ဃ) တင်သွင်းမည့်ကုန်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း (င) Sale Contract & Invoice & Packing List (စ) အစာ၊ ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံဆိုင်ရာအထောက် အထား (ဆ) Composition (အစာကုန်ကြမ်းအတွက်) (ဇ) ယခင် တင်သွင်းခဲ့ခြင်းရှိ/ မရှိ၊ ရှိပါက တင်သွင်းခဲ့သည့် တန်ချိန်/ကီလိုဂရမ်နှင့်တင်သွင်းခဲ့သည့်ကာလဖော်ပြချက် (ဈ) သက်ဆိုင်ရာနိုင်ငံတွင် ငါးမွေးမြူရေးအစားအစာ၊ ကုန် ကြမ်းများ၊ ဆေးဝါး များ ထုတ်လုပ်သည့် ကုမ္ပဏီ၏ မှတ် ပုံတင်ထားမှုထောက်ခံချက်နှင့် လုပ်ငန်း လိုင်စင်ရှိမှု ထောက် ခံချက် (၂) ငါး/ပုစွန်သားပေါက်များအတွက် (က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ (ခ) နိုင်ငံခြားဘဏ်တွင် နိုင်ငံခြားငွေ ရှိ/ မရှိ အထောက် အထား |
|
(ဂ) တင်သွင်းမည့် ငါး/ပုစွန်သားပေါက်များ၏ အမည်စာရင်း (ဃ) တင်သွင်းမည့် ငါး/ပုစွန်သားပေါက်များ၏ ရောင်စုံဓါတ်ပုံ မှတ်တမ်း (င) Sale Contract & Invoice (စ) တစ်ဖက်နိုင်ငံမှ သားပေါက်ထုတ်လုပ်သည့် Farm နှင့် Hatchery ၏ Profile (ဆ) သားပေါက်ထုတ်လုပ်သည့် ရာဇဝင်နှင့် လုပ်ငန်း အခြေ အနေ (ဇ) သက်ဆိုင်ရာနိုင်ငံတွင်သားပေါက်ထုတ်လုပ်သည့် Hatchery ၏မှတ်ပုံတင်ထားမှု ထောက်ခံချက် နှင့် လုပ်ငန်းလိုင်စင် ရှိမှုထောက်ခံချက် (ဈ) သားပေါက် ထုတ်လုပ်မှု ဆိုင်ရာ စာရွက် စာတမ်း (Fry Movement Document) အားသက်ဆိုင်ရာနိုင်ငံ၏ တာဝန်ရှိဌာနမှ အသိအမှတ်ပြုထောက်ခံချက် (ည) မွေးမြူရန်တင်သွင်းမည့် သားပေါက်များသည့် အရည် အသွေးကောင်းမွန်ပြီး စားသုံးသူများအား ဘေး အန္တရာယ် ရှိစေမည့်ရောဂါများနှင့် ပုစွန်ရောဂါများ ကင်းရှင်း ကြောင်း ထောက်ခံချက် (Health Certificate) (ဋ) ယခင်တင်သွင်းခဲ့ခြင်း ရှိ/မရှိ၊ ရှိပါက တင်သွင်းခဲ့သည့် သားပေါက်ကောင်ရေ နှင့်တင်သွင်းခဲ့သည့် ကာလ ဖော် ပြချက် (မှတ်ချက်။ တစ်ဖက်နိုင်ငံဆိုင်ရာအထောက်အထားများအား အင်္ဂလိပ် ဘာသာဖြင့် တင်ပြရန်)
(၃) အလှမွေးငါး (Live) များအတွက် (က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ (ခ) တင်သွင်းမည့်အလှမွေးငါးများ၏ အမျိုးအမည်စာရင်း (ဂ) တင်သွင်းမည့့်် အလှမွေးငါးများ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း (ဃ) Sale Contract & Invoice (င) သက်တမ်းရှိသော ငါးမွေးမြူခြင်းလိုင်စင် (စ) မွေးမြူရန်တင်သွင်းမည့် အလှမွေးငါးသားပေါက်များသည့် အရည်အသွေးကောင်းမွန်ပြီးဘေးအန္တရာယ်ရှိစေမည့် ရောဂါ များကင်းရှင်းကြောင်းထောက်ခံချက်(Health Certificate) (ဆ) အလှမွေးငါးသားပေါက်များမွေးမြူမည့်တည်နေရာ (ဇ) သက်ဆိုင်ရာနိုင်ငံတွင် သားပေါက်ထုတ်လုပ်သည့် Hatchery ၏မှတ်ပုံတင်ထားမှု ထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင်ရှိမှု ထောက်ခံချက် |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက် သွယ်ရမည့် လိပ်စာ |
မွေးမြူရေးဌာနခွဲ ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) နေပြည်တော် ဖုန်း ၀၆၇ - ၄၀၈၄၇၆ ၄၁၈၅၃၈ (fax) e-mail : aqd[email protected] winpapamyo [email protected] |
Website Address |
ဝန်ဆောင်မှုခေါင်းစဉ် |
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
(က) မြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) လိုင်စင်ရရှိပြီးမှသာ ရေထွက်ပစ္စည်း ရောင်းဝယ်စုဆောင်းခွင့် ရှိပါ သည်။ |
လိုအပ်သောစာရွက်စာတမ်းများ |
(က) လျှောက်လွှာ (ခ) ရောင်းဝယ်စုဆောင်းမည့် နေရာ၏ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးထောက်ခံချက် (ဂ) ရောင်းဝယ်စုဆောင်းမည့် ကုမ္ပဏီမှတ်ပုံတင် မိတ္တူသို့မဟုတ် လုပ် ငန်းရှင်၏ နိုင်ငံသားစီစစ်ရေးကဒ်မိတ္တူ (ဃ) ရောင်းဝယ်စုဆောင်းမည့် ရေထွက်ပစ္စည်းအမျိုးအမည်နှင့် ကုန် ချိန် |
ဝန်ဆောင်ခ |
အခမဲ့ |
လျှောက်ထားရန်အဆင့်များ |
(က) တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန များတွင် လျှောက်ထားရပါမည်။ (ခ) ရောင်းဝယ်စုဆောင်းမည့်ရေထွက်ပစ္စည်းအမျိုးအမည်အလိုက် သတ် မှတ်လိုင်စင်ကြေးများကိုပေးဆောင်ရပါသည်။ |
Website Address |
ဝန်ဆောင်မှုခေါင်းစဉ် |
ရေထွက်ပစ္စည်းများ (ငါးစိမ်း) အား ပြည်ပမှ တင်သွင်းခြင်း အတွက်ထောက်ခံချက်ထုတ်ပေးခြင်း |
ဝန်ဆောင်ခ |
မရှိပါ။ |
လိုအပ်သောစာရွက်စာတမ်းများ |
(က) ကုမ္ပဏီ LetterHead ဖြင့် မည့်သည့်နိုင်ငံ ထွက် ပစ္စည်း များအား မည်သည့်နိုင်ငံမှတစ်ဆင့်မည်သည့်လမ်းကြောင်း (ကုန်ကြောင်း၊ လေကြောင်း၊ ရေကြောင်း) မှ တင်သွင်းမည် ကို ဖော်ပြ၍ တင်ပြရန်၊ (ခ) တင်သွင်းမည့် ငါးများနှင့်ပတ်သက်၍ Sale Contract (ဂ) Country Origin (ဃ) Sanitary certificate (င) HACCP certificate Invoice (ကုန်ပို့လွှာ) (စ) Packing list (ပို့ကုန်စာရင်း) (ဆ) တင်သွင်းလိုသည့် ကုမ္ပဏီ၏ ကုမ္ပဏီမှတ်ပုံတင် (ဇ) ထုတ်ကုန် သွင်းကုန်လိုင်စင်မိတ္တူ
|
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
ငါးလုပ်ငန်းဦးစီးဌာန၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင် လမ်းမ ကြီး၊ အင်းစိန်မြို့နယ် |
Website Address |
ဝန်ဆောင်မှုခေါင်းစဉ် |
နိုင်ငံခြားငါးဖမ်းရေယာဉ်လိုင်စင်ထုတ်ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
(က) ပြည်ထောင်စုအစိုးရအဖွဲ့ (သို့မဟုတ်) ဝန်ကြီးဌာနမှ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပြီးဖြစ်ရမည်။ (ခ) မြန်မာနိုင်ငံတွင် ကုမ္ပဏီကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထား ရှိရ မည်။ (ဂ) ဖက်စပ်ငါးဖမ်းလုပ်ငန်းအတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ အရဖက်စပ်ကုမ္ပဏီတည်ထောင်ပြီးဖြစ်ရမည်။ |
လိုအပ်သောစာရွက်စာတမ်းများ |
(က) လုပ်ကိုင်လိုသည့် ငါးဖမ်းလုပ်ငန်းအတွက် အဆိုပြုလွှာ (ခ) ငါးလုပ်ငန်းဦးစီးဌာနနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်း |
ဝန်ဆောင်ခ |
အခမဲ့ |
လျှောက်ထားရန်အဆင့်များ |
(က) ငါးဖမ်းရေယာဉ်များမြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်သို့ ဝင် ရောက် ခွင့်ကို (၂)ပါတ် ကြိုတင်တင်ပြရမည်။ (ခ) ဝင်ရောက်ခွင့်ရရှိပြီးငါးဖမ်းရေယာဉ်များအားလိုင်စင်ခွန် ပေး သွင်း ရန်အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနတွင်ရေယာဉ်တိုင်းတာစစ်ဆေးခြင်းပြုလုပ်ရမည်။ (ဂ) ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေး ထားသည့် ရေယာဉ်မှတ်ပုံတင်လက်မှတ် မူရင်းနှင့် မိတ္တူပူးတွဲ ၍ ငါးဖမ်းခွင့်လိုင်စင်လျှောက်ထားရမည်။ (ဃ) သတ်မှတ်ထားသည့် လိုင်စင်ကြေးများကိုနိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဖြင့် ပေးဆောင်ရမည်။ (လိုင်စင်ခများ အား ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် ဝန်ကြီးဌာန ၏ သဘောတူညီချက်ဖြင့် သတ်မှတ်သွားမည် ဖြစ်ပါသည်။) (င) ဖက်စပ်ငါးဖမ်းလုပ်ငန်းအတွက် လိုင်စင်ခကို 10US$/ GRT/ Month နှင့် ဖမ်းမိကုန်တက်တန်ဘိုး( Catch Sharing)၏ ၁၅ % ပေးဆောင်ရမည်။ |
Website Address |
ဝန်ဆောင်မှုခေါင်းစဉ် |
မွေးမြူရေးကန်များတွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အညီ ငါး/ပုစွန်များအား မွေးမြူထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ် ချက်များ |
လျှောက်ထားလိုသူသည် မွေးမြူရေးကန်၏တည်နေရာ၊ နေရာ မှန်ကန် မှု၊ မှတ်ပုံတင်ခြင်း၊ GAqP လျှောက်ထားတင်ပြစာတို့နှင့်တကွ ငါး လုပ်ငန်းဦးစီးဌာနသို့ တင်ပြရမည်ဖြစ် ပါသည်။ |
ဝန်ဆောင်ခ |
အခမဲ့ |
လိုအပ်သောစာရွက်စာတမ်းများ |
လုပ်ငန်းလိုင်စင်ရယူထားသောမြေနေရာနှင့်ပိုင်ဆိုင်မှုအထောက်အထား၊ GAqP သင်တန်း တက်ရောက်ပြီးစီးမှု၊ မွေးမြူငါး/ပုစွန်အမျိုးအစား၊ မွေးမြူနည်းစနစ်ဆိုင်ရာစာရွက်စာတမ်းများ |
လျှောက်ထားရန်အဆင့်များ |
(၁) လျှောက်လွှာဖြင့်GAqP Certificate ရရှိရေးအတွက် လျှောက် ထား တင်ပြခြင်း (၂) အဆိုပါလျှောက်ထားမှုအပေါ် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့မှ ကွင်း ဆင်း စစ်ဆေးခြင်း (၃) ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏အတည်ပြုချက်ရယူခြင်း |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက် သွယ်ရမည့် လိပ်စာ |
မွေးမြူရေးဌာနခွဲ ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) နေပြည်တော် ဖုန်း ၀၆၇ - ၄၀၈၄၇၆ ၄၁၈၅၃၈ (fax) e-mail : aqd[email protected] winpapamyo [email protected] |
Website Address |
ဝန်ဆောင်မှုခေါင်းစဉ် |
Grading လျှောက်ထားခြင်း။ |
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
သတ်မှတ်လျှောက်လွှာတွင် အမည်၊ ခုံအမှတ်၊ တက္ကသိုလ်မှတ်ပုံတင် အမှတ်၊ အောင်မြင်သည့် ခုနှစ်၊ လ မှန်ကန်စွာ ရေးသွင်းရန်။ |
လိုအပ်သောစာရွက်စာတမ်းများ |
ဘွဲ့ရရှိသူများဖြစ်ပါက ဘွဲ့လက်မှတ် (မိတ္တူ) ပူးတွဲရန်။ |
လျှောက်ထားရန်အဆင့် |
လျှောက်ထားပုံ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံဖြင့် လျှောက်ရန်။ |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့် လိပ်စာ |
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ ရေဆင်း၊ နေပြည်တော်။ ဖုန်းနံပါတ်- ၀၆၇-၄၁၆၆၅၉ |
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ |
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ ရေဆင်း၊ နေပြည်တော်။ |
Website Address |
ဝန်ဆောင်မှုကဏ္ဍ |
þG2C, ¨G2B, ¨G2G, ¨G2V |
ဝန်ဆောင်မှုခေါင်းစဉ် |
ရိတ်သိမ်းခြွေလှေ့ခြင်းဝန်ဆောင်မှု |
ရိတ်သိမ်းခြွေလှေ့ခြင်းဝန်ဆောင်မှု လုပ်ငန်း |
ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းအတွက်ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်း ဆောင်ရွက်လိုသည့် တောင်သူလယ်သမားများသည် မိမိနေထိုင်ရာမြို့နယ်(သို့မဟုတ်) နီးစပ်ရာမြို့နယ်ရှိ စက်မှုလယ်ယာစခန်းသို့သွားရောက်ပြီးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းတောင်းခံစာရင်းဖြင့်လျောက်ထားရမည်။၎င်းရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်း ဆောင်ရွက်လိုသော လယ်ယာမြေဧကအတွက် ရိတ်သိမ်းခြွေလှေ့ခ ပေးသွင်းငွေအား စက်မှုလယ်ယာစခန်းရုံးမှချလံပြုစုပေး၍တောင်သူများကိုယ်တိုင်ဘဏ်သို့ပေးသွင်းရမည်။ရိတ်သိမ်းခြွေလှေ့ခငွေပေးသွင်းပြီးပါက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် လုပ်ကိုင်ခွင့်အမိန့် ထုတ်ပေးပြီး စက်မောင်းနှင့်အတူရိတ်သိမ်းခြွေလှေ့စက်ကို ငှားရမ်းသည့်တောင်သူများ၏လယ်ကွင်းသို့စေလွှတ်ပါသည်။ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းပြီးစီးမှုစာရင်းတွင် တောင်သူတို့မှပြီးစီးကြောင်း လက်မှတ်ရေးထိုးပေးရမည်။ |
ဝန်ဆောင်ခ |
ရိတ်သိမ်းခြွေလှေ့ခြင်း(၁)ဧက-၃၅၀၀ဝိ/- |
လိုအပ်သောစာရွက်စာတမ်းများ |
ရိတ်သိမ်းခြွေလှေ့စက်တောင်းခံစာရင်း |
ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ |
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိစက်မှုလယ်ယာစခန်းများ |