အဓိကအကြောင်းအရာသို့ သွားမည်
x

အငှားဂရန်အင်း/သီးသန့်အင်းငှားရမ်းခွင့် (မြန်မာနိုင်ငံသားများသာလျှင်)

တင်ပြရန်လိုအပ်မည့်

အထောက်အထားများ

ဂရန်အင်းငှားရမ်းခွင့် လျှောက်လွှာအတွက်

(က)    ဂရန်အင်းငှားရမ်းခွင့်လျှောက်လွှာ(Form 2)

သီးသန့်အင်းငှားရမ်းခွင့်လျှောက်လွှာအတွက်

(က)    သီးသန့်အင်းငှားရမ်းခွင့်လျှောက်လွှာ(Form 26) 

လုပ်ငန်းစဉ်အဆင့်

 (က)  လျှောက်ထားသူသည် အငှားဂရမ်အင်း/ သီးသန့်အင်း ငှားရမ်းခွင့် ‌လျှောက်ထားရန်အတွက် တင်ပြရန်လိုအပ်သော အထောက်အထား များကိုမြို့နယ်ရုံး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြလျှောက်ထား   ရမည်။

(ခ)     မြို့ရုံးငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများ    ကို စစ်ဆေးပြီးပြည့်စုံခဲ့လျှင် ဂရန်အင်းလေလံဆွဲဝယ်ခွင့် လက်မှတ် (Form 3) ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေအရ ထုတ်ပေးမည်။

 (ဂ)    ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံ ခဲ့လျှင် အငှားဂရမ် (Form 6 ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေအရ  ထုတ်ပေးမည်။

ဝန်ဆောင်ခ

ငါးလုပ်ငန်းဈေးပြိုင်စနစ်ဖြင့်လေလံဆွဲဝယ်ယူခွင့်စနစ်အရ

ကြာမြင့်ချိန်

ရေချိုငါးလုပ်ငန်း ရာသီချိန်အလိုက် ဆောင်ရွက်ခြင်း

လျှောက်ထားရမည့် နေရာ

မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၊

အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/အဆင့်

ညွှန်ကြားရေးမှူး၊

ပြည်နယ် (သို့) တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနရုံး

သတ်မှတ်ချက်များ

  • ရေချိုငါးလုပ်ငန်းနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ဇယား()အရ ရေချိုငါးလုပ်ငန်းများအား ဥပဒေပြုခြင်းကို လည်းကောင်း၊ ပုဒ်မ ၂၅၆ ပုဒ်မခွဲ(က) နှင့်()တို့အရ ရေချိုငါးလုပ်ငန်း စီမံခန့်ခွဲခြင်းတို့ကိုလည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ သို့ (၁၆--၂၀၁၁)ရက်နေ့မှစတင်၍ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါသည်။
  • အငှားဂရန်အင်း/တင်ဒါများ လေလံ/တင်ဒါရောင်းချခြင်းနှင့် ကိရိယာ လိုင်စင်ခွန် ကောက်ခံခြင်းများ နှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ထုတ်ပြန်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများ  နှင့်အညီ  တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့်တိုင်းဒေသကြီး/ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနများမှ ဆောင်ရွက်လျက်ရှိပါသည်။
  • ရေချိုငါးဖမ်းလုပ်ငန်း၊ ၎င်းလုပ်ငန်းနှင့်ဆက်နွယ်သည့် ဝန်ဆောင်မှု လုပ်ငန်းများသည်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်ပါဝင်ပါသည်။(မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇)