စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စက်မှုလယ်ယာဦးစီးဌာန
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) ဖြင့် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်လိုသည့် Quick Win လုပ်ငန်းများအတွက် လိုအပ် သည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံရောင်းချမည့်ရက် (၂ - ၄ -၂၀၂၆) ရက်မှ (၂၁ - ၄ -၂၀၂၆) ရက်နေ့ ( ၁၆ : ၀၀ ) နာရီထိ ၊
၃။ တင်ဒါပိတ်ရက် (၂၁ - ၄ -၂၀၂၆ )ရက်နေ့၊ ( ၁၆ : ၀၀ )နာရီ ၊
၄။ တင်ဒါဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေငြာပါမည်။
၅။ တင်ဒါလျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို စက်မှုလယ်ယာဦးစီးဌာန၊ ရုံးအမှတ်(၅၀)၊ နေပြည်တော်တွင် ရောင်းချပေးမည်ဖြစ်ပြီး အသေးစိတ်အချက်အလက် များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၃၁၂၁၅ ၊ ၀၆၇-၃၄၃၁၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
စက်မှုလယ်ယာဦးစီးဌာန
