အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်တွင်းစားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်ရေး ဆွေးနွေး

နေပြည်တော် မေ ၁၉

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၅) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက ပြည်တွင်းစားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။

ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့်ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် လုပ်ငန်းအဖွဲ့များဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။