အဓိကအကြောင်းအရာသို့ သွားမည်
x

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှုသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၂)စက်မှုလယ်ယာစခန်း၊ စစ်တွေမြို့တွင် အမှတ်စဉ် (၁/၂၀၂၃-၂၄) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) ဝန်ထမ်းသင်တန်းကို (၄-၉-၂၀၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပြီး သင်တန်းသား (၅၀)ဦး (အမြဲတမ်းဝန်ထမ်း ၁၈ ဦးနှင့် နေ့စားဝန်ထမ်း ၃၂ ဦး) အား (၄-၉-၂၀၂၃) နေ့ မှ (၂၉-၉-၂၀၂၃) ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ခန်းစာများ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။