အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး တို့ တွေ့ဆုံ ၊ နှစ်နိုင်ငံအကြား လယ်ယာ ကဏ္ဍ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဇွန်လ(၁၅) ရက်နေ့ နံနက်ပိုင်း တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

     တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ဆိုင်ရာ နည်းပညာ နှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လယ်ယာထွက်ကုန် တင်သွင်း တင်ပို့မှုဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက် သဘောတူညီမှု ညှိနှိုင်းဆောင်ရွက်ရေး ၊ စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

crd; www.agri.com.mm