အဓိကအကြောင်းအရာသို့ သွားမည်
x

ရေပမာဏအမျိုးမျိုးပေးသွင်းခြင်းဖြင့် မြေပဲမျိုးများ၏ ကြီးထွားမှု၊ အထွက်နှုန်းနှင့် ရေအကျိုးထိရောက်မှုကိုလေ့လာခြင်းအကြောင်းစာတမ်းဖတ်ပွဲကျင်းပခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဝရတ်အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၃)ရက် မွန်းလွဲ(၂:၀၀)နာရီအချိန်ကမဟာ သိပ္ပံပညာသင်ကာလအတွင်းအတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသနစာတမ်းအကြောင်း အသိပညာမျှဝေသည့် သုတေသနစာတမ်းဖတ် ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲကိုစိုက်ပျိုးရေးသုတေသနဉီးစီးဌာန၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် သုတေသနလုပ်ငန်းများဆောင်ရွက်ရေးတွင် သုတေသီများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် သုတေသနအသီးသီးနှင့်ဆက်စပ်၍ အသိပညာဗဟုသုတများပိုမိုရရှိနိုင်စေရေးအတွက်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

စာတမ်းဖတ်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေနှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲ၌ စာတမ်းရှင်ဖြစ်သည့် ရေအသုံးချရေးသုတေသနဌာနစုမှ သုတေသန လက်ထောက်-၃၊ ဒေါ်ကြွေမှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊မြေဆီလွှာနှင့်ရေသိပ္ပံပညာဌာနတွင် မဟာသိပ္ပံဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သည့် မဟာသိပ္ပံသုတေသန ကျမ်းစာ တမ်းဖြစ်သည့် “ရေပမာဏအမျိုးမျိုးပေးသွင်းခြင်းဖြင့် ​မြေပဲမျိုးများ၏ ကြီးထွားမှု၊ အထွက်နှုန်းနှင့် ရေအကျိုးထိရောက်မှုကိုလေ့လာခြင်း”ခေါင်းစဉ်ဖြင့်  စာတမ်းဖတ်ကြားခဲ့ရာ သုတေသနတွေ့ရှိ ချက်အရရေစမ်းသပ်ချက် ၃မျိုးတွင် အပင်နှင့်မြေကြီးမှ ရေငွေ့ပျံသောရေပမာဏ၏ (၁၀၀%)အပြည့် ရေပြန်ထည့်ပေးခြင်းဖြင့် အပင်ကြီးထွားမှု၊  အထွက်နှင့် အထွက်မိတ်ဖက် လက္ခဏာများအမြင့်ဆုံးပေးစွမ်းနိုင်သည်ကိုတွေ့ရပြီး၊ (၆၀%) နှင့် (၃၀%) သာရေသွင်းပေးခြင်း  ဖြင့် အပင်ကြီးထွားမှု၊  အထွက်နှင့် အထွက်မိတ်ဖက်လက္ခဏာများလျော့နည်းသွားသော်လည်း ရေအကျိုးထိရောက်မှုအမြင့်ဆုံးရရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ရေကောင်းစွာရရှိနိုင်သော အခြေအနေတွင် အပင်နှင့်မြေကြီးမှ ရေငွေ့ပျံသောရေပမာဏရေအပြည့်သွင်းခြင်းဖြင့် စမ်းသပ်မျိုး (၅)မျိုးတွင် အထွက်အမြင့်ဆုံးပေးစွမ်းနိုင်၍ ရေရရှိမှုခက်ခဲသောအခြေအနေတွင် အပင်နှင့် မြေကြီးမှ ရေငွေ့ပျံသောရေပမာဏ ၆၀% ရေပေးသွင်းပါကသင့်တင့်သော အထွက်နှုန်း ရရှိနိုင်သည်ကိုလည်းကောင်း၊ မြေပဲစမ်းသပ်မျိုး (၅)မျိုးတွင် ၂၀၁၈မိုးနှောင်းရာသီ၌ ၆၀% နှင့် ၃၀%   ရေသွင်းပေးခြင်းဖြင့် ရေအကျိုးထိရောက်မှုအမြင့်ဆုံးရရှိသောမြေပဲမျိုးများမှာ ဆင်းပဒေ သာ-၁၃  နှင့် ဆင်းပဒေသာ-၁၁ မှ ရရှိခဲ့ပြီးစမ်းသပ်မျိုး(၅)မျိုးအနက်ဆင်းပဒေသာ-၆ နှင့် ဆင်းပ ဒေသာ-၇သည် ရေကောင်းစွာမရရှိပါက အထွက်နှုန်းသိသိသာသာ လျော့နည်းလျှက်ရှိပြီး   ဆင်းပဒေသာ-၁၁ နှင့် ဆင်းပဒေသာ-၁၂ သည် ရေကောင်းစွာမရရှိသည့် အချိန်တွင်လည်း အထွက်နှုန်းမြင့်မားစွာပေးစွမ်းနိုင်သည်ကိုတွေ့ရပြီး ဆင်းပဒေသာ-၁၃သည် ရေကောင်းစွာရရှိမှ သာ အထွက်နှုန်းမြင့်မားသည်ကိုတွေ့ရသောကြောင့် ဆင်းပဒေသာ-၁၂နှင့် ဆင်းပဒေသာ-၁၁ မြေပဲမျိုးကို ရေအပြည့်အဝမရရှိသည့်အခြေအနေမိုးနှောင်းရာသီတွင် စိုက်ပျိုးသင့်သည်ဟု အကြံပြုပြောကြားလိုကြောင်းတို့ကိုစာတမ်းဖတ်ကြားခဲ့ပြီး  တက်ရောက်လာကြသည့် သုတေသီ ပညာရှင်အသီးသီးမှ သိလိုသည်များအားမေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများပြုလုပ်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။