စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် ၊ မြေတိုင်း အမှတ်(၂/၂)ပေါ်ရှိ မြေ(၁.၁၃)ဧက (၄၉၂၂၂.၈စတုရန်းပေ) နှင့်ယင်းမြေပေါ်ရှိ အဆောက်အဦ (၃၂၄၇၉.၃၄၁စတုရန်းပေ) တို့အားတန်(၃၀၀)ဆန့်ငါး/ပုစွန်အအေးခန်းစက်ရုံနှင့်တစ်နေ့(၁၅)တန်ကျရေခဲစက်ရုံတည်ဆောက်၍ငါး/ပုစွန်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရန် BOTစနစ်ဖြင့် ငှားရမ်းလုပ်ကိုင် ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းရှင်/ကုမ္ပဏီများသို့ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါအဆိုပြုလွှာ နှင့်စည်းကမ်းချက်များအားတစ်စုံလျှင်၁၀ဝဝဝိ/-(ကျပ်တစ်သောင်းတိတိ) ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ စီမံရေးရာဌာနစု၊ ရုံးအမှတ်(၃၆) နေပြည်တော်တွင် ဝယ်ယူနိုင်ပါသည်။
| ၃။ | တင်ဒါလျှောက်လွှာနှင့် စည်းကမ်းချက်ပုံစံရောင်းချမည့် - | |||
| 
 | (က) | နေ့ရက် | - | ( ၅-၉-၂၀၂၂ ) ရက်မှ( ၁၆-၉-၂၀၂၂ )ရက်အထိ။ | 
| 
 | (ခ ) | အချိန် | - | နေ့စဉ်ရုံးဖွင့်ချိန်များတွင်နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။ | 
| 
 | (ဂ ) | နေရာ | - | ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်။ | 
| ၄။ | အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် နေရာ | - | ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်။ | |
| ၅။ | အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရက်/အချိန် | - | (၁၄- ၉ -၂၀၂၂)ရက်နေ့မှ (၂၁ -၉ -၂၀၂၂) ရက်အထိ။ နံနက်(၀၉:၃၀)နာရီမှ (၁၅:၃၀) နာရီထိ။ | |
| ၆။ | အိတ်ဖွင့်တင်ဒါဖွင့်မည့် ရက်/အချိန် | - | ( ၂၉ -၉- ၂၀၂၂ ) ရက်နေ့ နံနက်(၁၀:၀၀) နာရီ | |
၇။ တင်ဒါကြော်ငြာအားဝန်ကြီးဌာန Website;www.moali.gov.mm တွင် လည်းဖော်ပြပေးထား မည်ဖြစ်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၀၈၄၇၄၊၀၉-၂၅၄ ၅၅၄ ၃၄၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
 
 
