အဓိကအကြောင်းအရာသို့ သွားမည်
x

နည်းပညာမြင့် မြေပြုပြင်ကိရိယာများ လက်တွေ့အသုံးချမှု(ဝန်ထမ်း)သင်တန်း ဖွင့်လှစ်

စက်မှုလယ်ယာသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် အမှတ်စဉ်(၁/၂၀၂၁-၂၀၂၂) နည်းပညာမြင့် မြေပြုပြင်ကိရိယာများ လက်တွေ့အသုံးချမှု(ဝန်ထမ်း)သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၆.၁၂.၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်း ဖွင့်ပွဲသို့ ဒု-ကျောင်းအုပ်၊ ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူး၊ ဦးစီးအရာရှိများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား(၄၀)ဦးတက်ရောက်ကြပါသည်။ သင်တန်းကာလမှာ (၆.၁၂.၂၀၂၁)ရက် နေ့မှ (၁၇.၁၂.၂၀၂၁)ရက်နေ့ထိဖြစ်ပါသည်။