ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးစိုက်ကွင်းအတွင်းရှိ မြေ(၄၂.၅)ဧကနှင့် ယင်းမြေပေါ်ရှိ ငါးကန် (၁၀)ကန်အား ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် ဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်းစည်းကမ်းချက် များနှင့်အညီ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားနိုင်ရန်အတွက် ငါးမွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/ အစိုးရအသိအမှတ်ပြု ဖွဲ့စည်းထားသော အသင်းအဖွဲ့များအား ငှားရမ်း လုပ်ကိုင်နိုင်ခွင့်ရရှိစေရန် ဖိတ်ခေါ်အပ်ပါသည်-
၂။ |
တင်ဒါပုံစံရောင်းချမည့်ရက် |
- |
၁၅-၇-၂၀၂၅ မှ ၂၈-၇-၂၀၂၅ ထိ |
၃။ |
တင်ဒါပုံစံရောင်းချမည့်နေရာ |
- |
စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ရုံးအမှတ်(၅၀)၊ နေပြည်တော် |
၄။ |
တင်ဒါလျှောက်လွှာလက်ခံမည့်ရက်/ နေရာ |
- |
၃၁-၇-၂၀၂၅ ရက်နေ့၊ (၁၃:၀၀)နာရီ စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေး ဌာနခွဲ၊ ရုံးအမှတ်(၄၃)၊ နေပြည်တော် |
၅။ အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ရုံးအမှတ် (၅၀)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်း ၀၆၇၃-၄၃၁၃၁၅၊ ၀၉-၂၅၆၄၅၅၅၈၇ တို့သို့ ဆက်သွယ်၍လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
စိုက်ပျိုးရေးဦးစီးဌာန