အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း မွေးမြူရေးသုတေသနဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း သည် ၁၉-၅-၂၀၂၆ ရက် (အင်္ဂါနေ့)တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းနယ်မြေရှိ မွေးမြူရေးသုတေသနဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပညာရှင်များက သုတေသနအခြေခံပြီး ပြည်သူ့ဘဝတိုးတက်ရေးဆောင်ရွက်ကြရန်၊ စဉ်ဆက်မပြတ် သုတေသနသင်ကြားရေးစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ စားရိက္ခာဖူလုံရေး၊ ရေရှည်တည်တံ့ရေးနှင့် ကျန်းမာရေးအထောက်အကူဖြစ်စေရေး သုတေသနများ အား အလေးထားဆောင်ရွက်ကြရန်၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်ကိုက်ညီသော သုတေသန လုပ်ငန်းများနှင့် ခေတ်မီနည်းပညာအသုံးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ တောင်သူများ လက်တွေ့အသုံးချနိုင်သည့် ဒေသနှင့်ကိုက်ညီသော သုတေသနလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် အရာထမ်းများက ဌာနခွဲအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက တင်ပြချက်အများအပေါ် လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။