အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေတွင် စပါးအထွက်နှုန်း ကွာဟချက်များ ဆန်းစစ်လေ့လာမှု သုတေသန စစ်တမ်းကောက်ယူ

နေပြည်တော်ကောင်စီနယ်မြေတွင် စပါးအထွက်နှုန်း ကွာဟချက်များ ဆန်းစစ်လေ့လာမှု သုတေသန စစ်တမ်းကောက်ယူ

 

နေပြည်တော် ဩဂုတ် ၁၂

     နွေစပါးစိုက်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်း ရရှိရေးကိုဦးတည်သော စပါးအထွက်နှုန်း ကွာဟချက်များနှင့် ကန့်သတ်ချက်များကို ဆန်းစစ်လေ့လာမှု သုတေသနစစ်တမ်း ကောက်ယူခြင်းကို နေပြည်တော်ကောင်စီနယ်မြေ  မြို့နယ် ရှစ်မြို့နယ်၌   ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန နှင့် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနတို့ ပူးပေါင်း၍ စစ်တမ်းကောက်ယူနေမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်   ကွင်းဆင်းကြည့်ရှု စစ်ဆေးအားပေးသည်။

ယင်းနောက် စစ်တမ်းကောက် ပညာရှင်ဝန်ထမ်းများ၊ တောင်သူများနှင့် တွေ့ဆုံ၍ဒုတိယဝန်ကြီးက ယခုစစ်တမ်းကောက်ယူရာတွင် တောင်သူများ စပါးစိုက်ပျိုးရာ၌ မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း   ထည့်သွင်း ကောက်ယူရန်နှင့် ပန်းတိုင်အထွက်ရရှိရေးအတွက် အရေးကြီးသည့် မျိုး၊ မြေ၊ ရေ၊နည်း ပြဿနာများဖြေရှင်းနိုင်ရေးအတွက် တောင်သူများ၏    စွမ်းဆောင်ရည်ကို အခြေပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနတာဝန်ရှိသူများအနေဖြင့် တောင်သူများအား  သီးနှံများ ထွက်ပေါ်ချိန်တွင် သက်ဆိုင်ရာဈေးကွက်နှင့် ချိတ်ဆက်ပေး ကြစေလိုကြောင်းနှင့်   ဒေသအလိုက်စျေးကွက် သုတေသနများကိုလည်း ဆောင်ရွက်ကြရန် လိုကြောင်း၊   တောင်သူများ အနေဖြင့်လည်း မိမိကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကိုယ်ထူကိုယ်ထ ရန်ပုံငွေ အစုအဖွဲ့များ တည်ထောင်၍ ကျေးရွာသစ်စီမံကိန်းကျေးရွာများကို စံနမူနာယူကာ မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊  မျိုးနှင့်ပတ်သက်၍ တောင်သူကြီးများ ကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေး ခေါင်နှံမျိုးထားသည့် စနစ်အား ကျင့်သုံးနိုင်စေရေးကို ပညာရှင်များဘက်က ကူညီပေးကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။