အဓိကအကြောင်းအရာသို့ သွားမည်
x

ကျွန်းစုမြို့၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေးအသိပညာပေး

            အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာမှုအကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီလင်းထွဋ်သည် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျွန်းစုမြို့နယ်အတွင်းရှိ ငါး/ပုစွန်မွေးမြူသည့်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပသည်။

          အဆိုပါ ဟောပြောပွဲကို ကျွန်းစုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့ပြီး မြို့နယ် အတွင်းရှိ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းရှင် (၂၀) ဦး တက်ရောက်ကြပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် အပူချိန်များပြောင်းလဲခြင်း၊ ပင်လယ်ရေမျက်နှာပြင်အမြင့်ပြောင်းလဲခြင်း၊ ရောဂါများကျ ရောက်လာနိုင်ခြင်းစသည့် ဆိုးကျိုးများရှိလာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။