အဓိကအကြောင်းအရာသို့ သွားမည်
x

နတ်တလင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

  ပဲခူးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၅)စက်မှုလယ်ယာစခန်း၊ နတ်တလင်းမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူ သင်တန်း ဖွင့်ပွဲကို (၁၂-၉-၂၀၂၂)ရက်နေ့၊  နံနက် (၉)နာရီတွင် စက်မှုလယ်ယာစခန်းဝင်းတွင် ပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားသို့ နတ်တလင်းခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊  စက်မှုလယ်ယာဦးစီးဌာန သာယာဝတီခရိုင်ဦးစီးဌာနမှူး၊ နတ်တလင်းမြို့နယ်ဦးစီးဌာနမှူး၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တောင်သူသင်တန်းသား (၃၀)ဦးတို့ တက်ရောက်ကြပါသည်။

 အဆိုပါ သင်တန်းဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန သာယာဝတီခရိုင် ဦးစီးမှူး ဦးဝင်းသန့်မှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများကို သင်ထောက်ကူပစ္စည်း များပေးအပ်ပါသည်။ သင်တန်းမှာ (၁၂)ရက် ကြာမြင့်မည်ဖြစ်၍ စာတွေ့ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရပါသည်။