အဓိကအကြောင်းအရာသို့ သွားမည်
x

Germplasmဝါမျိုးလိုင်းများ၏မျိုးရိုးဗီဇကွဲလွဲမှုကိုလေ့လာခြင်းအကြောင်း အသိပညာမျှဝေသည့်စာတမ်းဖတ်ပွဲကျင်းပခြင်း

ဒီဇင်ဘာလ(၁၃)ရက်မွန်းလွဲ(၂:၀၀)နာရီအချိန်ကစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊နဝရတ်အစည်းအဝေးခန်းမ၌နိုင်ငံခြားပြန်ပညာတော်သင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံကျော် ဖြတ်ခဲ့ရသောအတွေ့အကြုံများနှင့် ပညာသင်ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသနစာတမ်း  အကြောင်းအသိပညာမျှဝေသည့် သုတေသနစာတမ်းဖတ်ပွဲတစ်ရပ်ကိုကျင်းပခဲ့ပါသည်။

          စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၏ရှေ့ဆက်ဆောင်ရွက်သွားမည့်ရာသီဥတုနှင့်လိုက်လျောညီထွေရှိစေမည့် သုတေသနလုပ်ငန်းများဆောင်ရွက်ရေးတွင်သုတေသီများအနေဖြင့် မိမိတို့ ဆောင်ရွက်နေသည့် သုတေသန အသီးသီးနှင့် ဆက်စပ်၍ အသိပညာဗဟုသုတများ ပိုမိုရရှိနိုင်စေ ရေးအတွက်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ  စာတမ်းဖတ်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးများ၊ သုတေသနဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

          စာတမ်းဖတ်ပွဲ၌စာတမ်းရှင်ဖြစ်သည့်ဝါနှင့်အမျှင်ထွက်သုတေသနဌာနစုမှသုတေသနလက်ထောက်-၂၊ဦးစိန်လွင်ကအိန္ဒိယသမ္မတနိုင်ငံHaryanaပြည်နယ်၊ChaudharyCharan Singh Haryana  Agricultural University (CCS HAU),Hisarတွင်Indian Council for Cultural Relations (ICCR) Program ၏ အထောက်အပံ့ဖြင့် (၂၀.၈.၂၀၁၉) ရက်နေ့မှ (၃၀.၁၀.၂၀၂၁) ရက်နေ့အထိဖွင့်လှစ်ပို့ချသော “အပင်မျိုးရိုးဗီဇနှင့် မျိုးစပ်မွေးမြူ ရေးဘာသာရပ်ဆိုင်ရာ”  မဟာသိပ္ပံဘွဲ့သင်တန်းသို့တက်ရောက်ခဲ့သောသင်တန်းအတွေ့အကြုံများနှင့် “ရွေးချယ်ထားသော ဝါမျိုးများ၏ ဗီဇကွဲလွဲမှုကိုလေ့လာခြင်း”ခေါင်းစဉ်ဖြင့်  စာတမ်းဖတ်ကြားရာဝါမျိုးလိုင်း (RS 2141, CT 1-421, GRB 6015, DC 1-104, 320 F, EC-117, MC 4-1, H 1451, N 46-1,နှင့် Locket 4785 white) ၁၀မျိုးတို့တွင်တစ်ပင်ပါသီးလုံး၊ တစ်ပင်ရှိအဖိုကိုင်းနှင့် အထွက်နှုန်းတို့သည် အခြားသောမျိုးများထက်သိသိသာသာမြင့်မားပြီးအထွက်နှုန်းမြင့်မားသောမျိုးများဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထို့အပြင် ကောင်းမွန်သောအပင်အမြင့်ရှိခြင်း၊ အဖိုကိုင်း အရေအတွက် များခြင်း၊ ဝါပေါက်အလေးချိန်ကောင်းခြင်းနှင့် ဝါအရည်အသွေးကောင်းမွန်ခြင်း  တို့ကိုလေ့ လာတွေ့ရှိ  ရပါသည်။ ၎င်းမျိုးလိုင်းများကိုသင့်တော်သောအပင်မျိုးစပ်မွေးမြူထုတ်လုပ်ရေးတွင် မိဘမျိုး လိုင်းများအဖြစ် အသုံးပြု၍ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးများကို မွေးမြူထုတ်လုပ် သင့်ကြောင်းဗဟုသုတဖြစ်ဖွယ် မျှဝေပေးခဲ့ပြီးရှေ့ဆက်လက်၍ သင်တန်းတွင် လေ့လာသင်ယူခဲ့ သောအတွေ့အကြုံဗဟုသုတများကိုအခြေခံ၍ အမိမြန်မာနိုင်ငံတွင် တောင်သူများအတွက် လိုအပ်ချက် ဖြစ်သော၊ စီးပွားရေးအရတွက်ခြေကိုက်သော အထွက်ကောင်းဝါမျိုးကောင်းမျိုးသန့် များကိုမွေးမြူ ထုတ်လုပ် နိုင်ရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်အ တူပူးပေါင်း၍ သုတေသနပြု ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တို့ကို စာတမ်းဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသည့် သုတေသီပညာရှင်အသီးသီးမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်း၊  အကြံပြုခြင်း များပြုလုပ်ခဲ့ ကြပါကြောင်း သတင်းရရှိပါသည်။