အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ဝေးမြို့နယ် အင်တောသာ သဘာဝရေလျှံကွင်းအတွင်းငါးကောင်ရေ ၆သိန်းမျိုးစိုက်

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝမြစ်ဖျား ချောင်းဖျားများနှင့် ဆက်စပ်လျက်ရှိ သော သဘာဝရေပြင်များ၊ ဆည် တမံ ကန်များအတွင်း ငါးသယံဇာတများတိုးပွား လာ စေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုရရှိစားသုံးနိုင်ရေးအတွက် ၂လက်မ အရွယ် ငါးသားပေါက်များ မျိုးစိုက်ထည့်လျက်ရှိသည်။

၁၅.၈.၂၀၂၁ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တိုင်း ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါ်ညိုညိအေး ဦးဆောင်၍ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးဇော်လင်းမြင့်၊ ရေဆင်းငါးစခန်းတာဝန်ခံ ဦးစိုးပိုင်၊ ဒက္ခိဏခရိုင်တာဝန်ခံ ဦးထွန်းနွယ်ဦး၊ လယ်ဝေး မြို့နယ်ဦးစီးဌာနမှူး၊ ဒက္ခိဏသီရိမြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများမှ လယ်ဝေးမြို့နယ် အင်တောသာ သဘာဝရေလျှံကွင်းအတွင်း ငါးမြစ်ခြင်း ငါးသားပေါက်ကောင်ရေ ၆သိန်း အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။