အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ဝေးမြို့နယ် ထိန်းအင်းသဘာဝရေလျှံကွင်း အတွင်း ငါးမျိုး စိုက်ထည့်

သဘာဝမြစ်ချောင်းအင်းအိုင်များ၊ သဘာဝရေလျှံကွင်းများနှင့် ဆည်တမံကန်များတွင် ငါးသယံဇာတများတိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုဖမ်းယူ စားသုံးနိုင်ရေးအတွက် နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေဆင်းငါးလုပ် ငန်း စခန်းမှသားဖောက်ထုတ်လုပ်သောငါးသားပေါက်များကိုမျိုးစိုက်ထည့်လျက်ရှိရာ (၁၄.၈.၂၀၂၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ညိုညိုအေးသည် ဒုတိယ တိုင်းဦးစီးဌာနမှူး ဦးဇော်လင်းမြင့်နှင့်  ဒက္ခိဏခရိုင်တာဝန်ခံတို့ လိုက်ပါလျက် လယ်ဝေး မြို့နယ် ထိန်အင်းသဘာဝရေလျှံကွင်းသို့ ရောက်ရှိပြီး ရေဆင်းငါးစခန်းတာဝန်ခံ၊ လယ်ဝေး မြို့နယ်ဦးစီးဌာနမှူး၊ ဒက္ခိဏသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံ ရေလုပ်သားများတို့နှင့်အတူ ၂ လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၆.၅သိန်းကို  မျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။