အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ဝေးမြို့နယ် သဲဖြူရေလှောင်တမံအတွင်း ငါးကောင်ရေ ရှစ်သောင်းမျိုးစိုက်ထည့်

နေပြည်တော် ပြည်ထောင်စုနယ်မြေတိုင်းငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးသည်၊ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးဇော်လင်းမြင့်လိုက်ပါလျက်၊ ဒက္ခိဏခရိုင် တာဝန်ခံ ဦးထွန်းနွယ်ဦး၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ လယ်ဝေးမြို့နယ်ဦးစီးဌာနမှူး ဦးအေးမင်း၊ ဒက္ခိဏသီရိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်မျိုးထိုက်နှင့် အရာထမ်းအမှုထမ်းများ၊ ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံရေလုပ်သားများမှ စုပေါင်း၍ လယ်ဝေးမြို့နယ် သဲဖြူရေလှောင်တမံ အတွင်းသို့ ရေဆင်းငါးလုပ်ငန်းစခန်းမှ (၂)လက်မအရွယ် ငါးမြစ်ချင်း(၈၀၀၀၀)​ကောင် ငါးသား ပေါက်များ မျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။