အဓိကအကြောင်းအရာသို့ သွားမည်
x

မိုးယွန်းကြီးအင်း(ဘေးမဲ့တော)နှင့်ကျေးရွာများတွင် ငါးရစ်ငါးသန်ရာသီချိန် ငါးဖမ်းဆီးခြင်းမရှိစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်

ငါးလုပ်ငန်းဦးစီးဌာနသည်   မြန်မာနိုင်ငံရှိ ရေချို/ရေငန်ရေပြင်များတွင်  ငါး/ပုစွန်မျိုးများ မပြုန်းတီးစေဘဲ ငါး/ပုစွန်အထွက်တိုးစေရန်  မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့တိုးပွားစေ ရန်နှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ရေနေသတ္တဝါ(အရှင်)များ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်ကာလ ငါးရစ်တက်ချိန်များတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုကြရန် အမိန့်ကြော်ငြာစာများ ညွှန်ကြားချက်များဖြင့် တားမြစ်ထားပြီးဖြစ်ပါသည်။

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ပဲခူး မြို့နယ်ရှိ မိုးယွန်းကြီးအင်း(ဘေးမဲ့တော)နှင့်  ပျဉ်ပုံ၊  တာဂွ၊   ဘုရားလေး၊ ဝမ်းဘဲအင်းကျေးရွာ များသို့  (၉.၇.၂၀၂၁)ရက်နေ့တွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များ၊ မိုးယွန်းကြီးအင်း(ဘေးမဲ့တော) အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူပူးပေါင်း၍ ငါးရစ်ငါးသန်ရာသီချိန်တွင် ငါးဖမ်းဆီးခြင်းမပြုရန် တားမြစ်စာ နှင့်   အဆိပ်အတောက်ဖြင့်(ဆေးချခြင်း)၊ ဘက်ထရီရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းဆီးခြင်း မပြုရန် တားမြစ်စာများအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။