အဓိကအကြောင်းအရာသို့ သွားမည်
x

ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစိမ်းရောင်(ငါးကဏ္ဍ)လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းဟန်သည် (၇.၇.၂၀၂၁)ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာဖြစ်သည့် နောင်စီပေါကျေးရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး ကျေးရွာအတွင်း ချေးငွေထုတ်ယူထားသော ရေလုပ်သားများ၊ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ ချေးငွေဖြင့်လုပ်ငန်းဆောင်ရွက်ထားသည့် ငါးကန်အားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အကြံဉာဏ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။