အဓိကအကြောင်းအရာသို့ သွားမည်
x

သာယာဝတီမြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ် ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း စီမံကိန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၇
စိုက်ပျိုးရေး နှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်များကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက် ရန် နိုင်ငံတော် က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် ပြည့်ဝအောင်မြင်ရေး အတွက် မူဝါဒများ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် လယ်ယာ သန်းခေါင်စာရင်း မှ ရရှိသော အချက်အလက်များက များစွာ အထောက်အကူ ပြုစေမည်ဖြစ်သည့်အတွက် စာရင်းဇယားများ ကိန်းဂဏန်းများ တိကျမှန်ကန်စေရေး နှင့်အရည်အသွေးပြည့်ဝရေး  အထူးအလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ အလားတူ ကျေးလက်ဒေသများရှိ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေကြသည့် ပြည်သူ အများစုအတွက် လယ်ယာ သန်းခေါင်စာရင်း အချက် အလက်များသည် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်ကို သတိပြုကြရမည်ဖြစ ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယခင်အတွေ့အကြုံများကို အသုံးချရန် လိုအပ်သည့်နည်းတူ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာနှင့် နှိုင်းယှဉ်တွက်ချက်ရာတွင် ပြည့်ဝမှန်ကန် သည့် ညွှန်းကိန်းများပေါ်ထွက်လာမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်း က နေပြည်တော် ဂရိတ်ဂေါဟိုတယ် ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစီမံကိန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး  ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း စီမံကိန်း တွင် ဒေသအလိုက် တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ကြမည့် နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး  ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ အနေဖြင့် စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ ဆက်စပ်ဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ သိရှိပြီး ကြိုတင် စီမံဆောင်ရွက်ထားနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်စာရင်းကို ၁၉၅၃ ခုနှစ် ၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၃ ခုနှစ် များတွင်ကောက်ယူခဲ့ပြီး ၂၀၁၀ခုနှစ်တွင် စတုတ္ထအကြိမ်ကောက်ယူခဲ့သည့် လယ်ယာ သန်းခေါင်စာရင်းကောက်ယူမှုတွင် နမူနာအိမ်ထောင်စု ၅ ဒဿမ ၄ သန်း ၌ သီးနှံ စိုက်ပျိုးရေး နှင့် တိရစ္ဆာန်မွေးမြူရေး ပူးတွဲလုပ်ကိုင်နေသည့် အိမ်ထောင်စုပေါင်း ၃ ဒဿမ ၉ သန်း ၊ သီးနှံစိုက်ပျိုးရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၂ သန်း ၊ မွေးမြူရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း   ဒဿမ ၄ သန်း ရှိကြောင်း၊ ၂၀၀၃ ခုနှစ် လယ်ယာ သန်းခေါင်စာရင်း နှင့် ၂၀၁၀ခုနှစ် လယ်ယာ သန်းခေါင်စာရင်း ကို နှိုင်းယှဉ်ပါ လယ်ယာပိုင်ဆိုင်မှုဧရိယာ အနေဖြင့် ၂၀၁၀ခုနှစ် တွင် ၄၉ ရာခိုင်နှုန်းမြင့်တက် လာကြောင်း၊ ယခုကောက်ယူမည့် လယ်ယာ သန်းခေါင်စာရင်းသည် ၂၀၂၀ခုနှစ်တွင် ကောက်ယူရန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။