အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာအဆင့်မြင့်မွမ်းမံသင်တန်းဖွင့်လှစ်

ထားဝယ် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ယခင်ကထက် ပိုမို တိုးတက်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပျူတာအဆင့်မြင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တနင်္ဿာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက သင်တန်းတွင်ဖွင့်လှစ်ပို့ချခဲ့သည့် ဘာသာရပ်များ စဉ်ဆက်မပြတ်ဆက်လက်လေ့လာကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။
ဆက်လက်၍ သင်တန်းနည်းပြ ဒေါ်မီမီခိုင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ တက်ရောက်ကြသော သင်တန်းသူ သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ကြပါသည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း(၁၅)ဦးအား  နှစ်လကြာ စာတွေ့လက်တွေ့  ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။