အဓိကအကြောင်းအရာသို့ သွားမည်
x

အမာမြို့၌ ငါးသယံဇာတထိန်းသိမ်းရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ငါးလုပ်ငန်းဉီးစီးဌာနမှ ဖျာပုံခရိုင်၊ အမာမြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံစေရေးအတွက်  နိုဝင်ဘာ ၉ ရက်နေ့က နောက်မီးကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဉီးမျိုးလွင်နှင့် အမာမြို့ငါးလုပ် ငန်းဦးစီးဌာနမှူး ဦးသန်းဦးတို့မှ အင်္ဂလန်ကျားပိုက်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သော နောက်မီး ကျေးရွာမှ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ခွင့်ပြုထားသည့် ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီး လုပ်ကိုင်နိုင်ရေး၊ တရားမဝင်ကျားဖောင်များမရှိစေရေး၊ လိုင်စင်မဲ့ ငါးဖမ်းရေယာဉ်များ မရှိစေရေး၊ ဥပဒေနှင့်အညီလုပ်ကိုင်နိုင်ရေးတို့အတွက် ကွင်းဆင်း​​ဟောပြော ဆောင်ရွက်ခဲ့သည်။ ရေလုပ်ငန်း ရှင်များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးမှ ပြန်လည် ဖြေရှင်းဆောင်ရွက်ပေးသည်။ အလားတူ အမာမြို့နယ်အတွင်းရှိ ချောင်းဝကျေးရွာ၊ ဓမင်းဆိပ်နှင့် ခါးပြတ်ကျေးရွာများသို့လည်း နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ငါးသယံဇာတထိန်းသိမ်းလုပ်ငန်းများ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။