အဓိကအကြောင်းအရာသို့ သွားမည်
x

လပွတ္တာမြို့၌ အယ်လ်နီညို ရာသီဥတုကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ်သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေးအသိပညာပေး

လပွတ္တာ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့်အညီ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနက လပွတ္တာမြို့နယ် Texchem Marine Labutta Limited ကုမ္ပဏီရုံးခန်းတွင် နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်း၌ ငါးနှင့်ကဏန်းပျော့မွေးကန်ရှိ ရေလုပ်သားများနှင့် တွေ့ဆုံ၍ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်သည့် အသိပညာ‌ပေး ဟောပြောပွဲ ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါသိန်းက အယ်လ်နီညိုရာသီဥတုဖြစ်ပွားရခြင်းနှင့် ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ ဖြစ်ပွားနေချိန်တွင် ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ဖြစ်ပွားပြီးချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရမည့် အချက်များ၊ ရေကြီးနစ်မြုပ်မှုနှင့်အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲသို့ ခရိုင်နှင့် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကဏန်းပျော့မွေးမြူသူ ရေလုပ်သားများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။