အဓိကအကြောင်းအရာသို့ သွားမည်
x

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၃၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၅
ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် “Training Course On Food Processing” စီမံကိန်း၏ “တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ” အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့ နေ့လည်(၁၅:၀၀) နာရီ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၁၆)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ (၁၅)ဦး စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ 

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ရေခဲချောင်း၊ ရေခဲမုန့်နှင့် Milkshake အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးယို/ သစ်သီးဖျော်ရည်/ သစ်သီးဝိုင် အမျိုးမျိုးပြုလုပ်ခြင်း၊  တာရှည်ခံသစ်သီးနှင့် သီးနှံခြောက်အမျိုးမျိုးပြုလုပ်ခြင်း၊ သစ်သီးဆော့စ်များ ပြုလုပ်ခြင်း၊ အာလူးကြော်၊ စာကလေးခွေကြော်၊ ငှက်ပျောကြော်ပြုလုပ်ခြင်း၊ Chiffon Cake၊ ကွတ်ကီးပြုလုပ်ခြင်းတို့ကို စာတွေ့/ လက်တွေ့ သင်ကြားခဲ့ပြီး စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများကို သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။