Skip to main content
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

 ၁။     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးရှိ သာကေတစက်မှုဇုန်ရှိ မြေ(၅.၆၂၅)ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦ (၃)လုံး၊ စက်ပစ္စည်းများအား စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့် ဆက်စပ်သော ပြုပြင် မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နှစ်ရှည် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရန် စိတ်ပါဝင်စားသူပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည် -

စဉ်

ခြံ/ စက်ရုံအမည်

ဧက

ငှားရမ်းဆောင်ရွက်မည့် လုပ်ငန်း

၁။

သာကေတစက်မှုဇုန်မြေနှင့် အဆောက်အဦ(၃)လုံး၊ စက်ပစ္စည်းများ

၅.၆၂၅

စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့် ဆက်စပ်သော ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်

 ၂။      တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆) နေပြည်တော်တွင် ရုံးချိန်အတွင်း တစ်စောင်(၁၀၀၀ဝိ/-)ကျပ် နှုန်းဖြင့် လာရောက်ဝယ်ယူ ရရှိနိုင်ပါကြောင်း ကြော်ငြာအပ်ပါသည်။

၃။      တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၁၈-၇-၂၀၂၅)ရက် (၁၄:၃၀) နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲသို့ ပေးပို့ တင်ပြရမည်။

၄။      အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန