Skip to main content
x

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၂)အတွက် သင်တန်းသားများခေါ်ယူခြင်း

၁။      စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန စက်မှု လယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၌ ဖွင့်လှစ်မည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ်(၂)သို့ တက်ရောက်ရန် သင်တန်းသားများ ခေါ်ယူမည်ဖြစ်ပါသည်။

၂။       လျှောက်ထားသူသည်-

          (က)    အခြေခံပညာအထက်တန်းပြီးမြောက်ပြီးသူ(သို့မဟုတ်) အစိုးရနည်းပညာ အထက် တန်းကျောင်း အောင်မြင်ပြီးသူဖြစ်ရမည်။

          (ခ)     ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့ (သင်တန်းစတင် ဖွင့်လှစ်သည့်  နေ့ရက်)တွင် အသက် (၁၇)နှစ်ပြည့်ပြီး (၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

     (ဂ)     ပြည်ထောင်စု မြန်မာနိုင်ငံသား၊ အမျိုးသား အိမ်ထောင်မရှိသူ (လူပျို)ဖြစ်ရမည်။

          (ဃ)    ကျန်းမာရေး ကောင်းမွန်ပြီး လယ်ယာသုံး စက်ကိရိယာများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။

၃။      သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက် သတ်မှတ်အရည်အချင်းများပြည့်မီမှု ရှိ/မရှိ စိစစ်ပြီး ပြည့်မီသူများအား လူတွေ့၊ နှုတ်မေး စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်၍ အောင်မြင်သူများကို သင်တန်းတက်ရောက်ခွင့်ပြုပါမည်။

၄။      သင်တန်းကာလမှာ(၁)နှစ်ဖြစ်ပြီး နေထိုင်စရိတ်နှင့်သင်ကြားမှုစရိတ်ကို ဌာနမှကျခံပါမည်။  လစဉ် စားသောက်စရိတ်နှင့် စာအုပ်စာတမ်းကြေးများကို သင်တန်းသားမှ ကျခံရပါမည်။

၅။      သင်တန်းဝင်ခွင့်လျှောက်လွှာများကို စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးရုံး၊ ခရိုင်ဦးစီးဌာနမှူးရုံး၊ မြို့နယ်ဦးစီးဌာနမှူးရုံးများတွင် (၂-၈-၂၀၂၃)ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့်လျှောက်လွှာ၊ ကတိဝန်ခံချက်၊ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း အထောက်အထား (သို့မဟုတ်) အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ကြောင်း အောင်လက်မှတ်တို့နှင့်အတူ (၃၁-၈-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ မိမိထုတ်ယူခဲ့သည့်ရုံးတွင် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည်ဖြစ်သည်။

၆။      လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရ သင်တန်းအမှတ်စဉ်(၂)တွင် ထူးချွန်စွာ အောင်မြင်သော အစိုးရနည်းပညာ အထက်တန်းကျောင်းမှ မော်တော်ယာဉ်နည်းပညာသင်တန်းဘာသာရပ် (သို့မဟုတ်) စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်းဘာသာရပ်တို့ဖြင့် အောင်မြင်ပြီးသူများသည် သတ်မှတ်အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၌ ဖွင့်လှစ်မည့် စက်မှုလယ်ယာနည်းပညာဘာသာရပ် ပထမနှစ်သင်တန်းတွင် တက်ရောက်ရန် အခွင့်အရေး ရရှိမည်ဖြစ်ပါသည်။

၇။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းဌာနခွဲ ဖုန်းအမှတ်၊ ၀၆၇-၃၄၃၁၂၄၆ နှင့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၊ ဖုန်းအမှတ်၊၀၉-၄၅၈၁၄၉၄၇၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။