| 
			 ဝန်ဆောင်မှုခေါင်းစဉ်  | 
			
			 ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းနှင့်တိရစ္ဆာန်အစာများတင်ပို့ခွင့် လျှောက်ထားခြင်း  | 
		|||
| 
			 ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ  | 
			
			 ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာ ဦးစီးဌာနမှသတ်မှတ်ထားသည့် စာရွက်စာတမ်းများပြည့်စုံ ပါက လျှောက် ထားနိုင်ပါသည်။  | 
		|||
| 
			 ဝန်ဆောင်ခ  | 
			
			 အေးခဲသားအစို  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၅၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		|
| 
			 အသားခြောက်  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၄၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 အေးခဲငါး/ပုဇွန်  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ကျွဲ/နွား သားရေ  | 
			
			 -  | 
			
			 သားရေတစ်ချပ်လျှင် ၁၅ ကျပ် နှုန်းဖြင့်ကောက်ခံပါသည်။  | 
		||
| 
			 သိုး/ ဆိတ် သားရေ  | 
			
			 -  | 
			
			 သားရေတစ်ချပ်လျှင် ၅ ကျပ် နှုန်းဖြင့်ကောက်ခံပါသည်။  | 
		||
| 
			 အရိုးခဲ  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၇၅၀ ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ကျွဲ/ နွားချို  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 သည်းချေ  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၅၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 အကြောအမျိုးမျိုး  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၃၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ဘဲမွေး  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၅၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ငှက်သိုက်  | 
			
			 -  | 
			
			 တစ်ကီလိုဂရမ်လျှင် ၃၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 လေပြွန်၊အစာအိမ်၊ ဥသိုချောင်း၊ နှလုံးပြွန်၊ ကြက်ခြေထောက်  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ဝက်ဆီ၊ အမဲဆီ  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၅၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ပျားရည်နှင့် ပျားထွက်ပစ္စည်း  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၂၅၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 တိရစ္ဆာန်အစာ  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၆၅၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ပဲဖတ်၊ နှမ်းဖတ်  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၂၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ငါးမှုန့်၊ ပုဇွန်မှုန့်  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၁၀၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 ပြောင်း  | 
			
			 -  | 
			
			 တစ်မက်ထရစ်တန်လျှင် ၇၀၀ကျပ် နှုန်းကောက်ခံပါသည်။  | 
		||
| 
			 လိုအပ်သောစာရွက်စာတမ်းများ  | 
			
			 (က)  | 
			
			 ဌာန၏သတ်မှတ်လျှောက်လွှာပုံစံဖြင့်လျှောက်ထားခြင်း  | 
		||
| 
			 (ခ)  | 
			
			 ဦးစီးဌာနမှ ချမှတ်ထားသောစည်းကမ်းချက်များကို သိရှိလိုက်နာမည်ဖြစ်ကြောင်း ကုမ္ပဏီ Letter Head ဖြင့် ကတိဝန်ခံချက်  | 
		|||
| 
			 (ဂ)  | 
			
			 ကုမ္ပဏီ Letter Head ဖြင့် ပစ္စည်းဝယ်ယူစုဆောင်းမှုအားတင်ပြခြင်း၊  | 
		|||
| 
			 (ဃ)  | 
			
			 ကုမ္ပဏီ Letter Head ဖြင့် ပစ္စည်းများ သိုလှောင်ထားရှိမည့်နေရာအားတင်ပြခြင်း၊  | 
		|||
| 
			 (င)  | 
			
			 ကုန်အရောင်းအဝယ်စာချုပ် (Sale Contract)  | 
		|||
| 
			 (စ)  | 
			
			 ကုန်ပစ္စည်းအမှာလွှာ (Proforma Invoice)  | 
		|||
| 
			 (ဆ)  | 
			
			 အသားခြောက်ထုတ်လုပ်သူများအတွက် အသားပြုပြင်ထုတ်လုပ်သူမှတ်ပုံတင် လက်မှတ် (Meat Processing Resgisteration Card) မိတ္တူ၊ ပျားရည်သန့်စင်ထုတ်လုပ်သူများအတွက် ပျားရည်သန့်စင်ထုတ်လုပ်သူ မှတ်ပုံတင် လက်မှတ် (Honey Processing Resgisteration Card) မတ္တူ၊  | 
		|||
| 
			 (ဇ)  | 
			
			 ပစ္စည်းများဝယ်ယူစုဆောင်းမှုဆိုင်ရာအထောက်အထား (လိုင်စင်စီ၊ စည်ပင် ထောက်ခံစာ၊ ပစ္စည်းဝယ်ယူမှုဘောက်ချာမိတ္တူ)  | 
		|||
| 
			 (ဈ)  | 
			
			 ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့သူများအတွက် ယခင်တင်ပို့ပြီးစီးမှု အထောက်အထား ( ED-Export Declaration)  | 
		|||
| 
			 လျှောက်ထားရန်အဆင့်များ  | 
			
			 လျောက်ထားလိုသူများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(ရုံးချုပ်) သို့ အီးမေးပေးပို့ လျှောက်ထားနိုင်ပါသည်။  | 
		|||
| 
			 (က)  | 
			
			 ပစ္စည်းများထားရှိရာနေရာသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကွင်းဆင်း စစ်ဆေးခြင်းကိုခံယူခြင်း  | 
		|||
| 
			 (ခ)  | 
			
			 Veterinary Health Certificate ထုတ်ယူခြင်း၊  | 
		|||
| 
			 ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ  | 
			
			 ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၄၅၈  | 
		|||
| 
			 ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ  | 
			
			 ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။  | 
		|||
