စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
စက်မှုလယ်ယာဦးစီးဌာန
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် လယ်ယာသုံးစက်ကိရိယာများ၊ မြေယာပြုပြင်ခြင်းလုပ်ငန်းသုံး ယန္တရား များ၊ တာယာ၊ ဘက်ထရီ၊ စက်ဆီ/ချောဆီများနှင့် ရုံးလုပ်ငန်းသုံးစက်ပစ္စည်းများအား မြန်မာကျပ် ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံရောင်းချမည့်ရက် ( ၂- ၄ -၂၀၂၆) ရက်မှ ( ၂၄ - ၄ -၂၀၂၆) ရက်နေ့ ( ၁၄ : ၀၀ )နာရီထိ ၊
၃။ တင်ဒါပိတ်ရက် ( ၂၄ - ၄ -၂၀၂၆ )ရက်နေ့၊ ( ၁၄ : ၀၀ )နာရီ ၊
၄။ တင်ဒါဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေငြာပါမည်။
၅။ တင်ဒါလျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို စက်မှုလယ်ယာဦးစီးဌာန ၊ ရုံးအမှတ် (၅၀) ၊ နေပြည်တော်တွင် ရောင်းချပေးမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၃၁၂၁၅ ၊ ၀၆၇-၃၄၃၁၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
စက်မှုလယ်ယာဦးစီးဌာန
