ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း
|
စဉ် |
ခြံ/ စက်ရုံ/ မြေနေရာ |
ဧက |
ငှားရမ်းဆောင်ရွက်မည့် လုပ်ငန်း |
|
၁။ |
ရွာသာကြီးဘက်စုံမွေးမြူရေးစခန်းရှိ အစာစပ်စက်ရုံမြေ၊ အဆောက်အဦ (၅)လုံးနှင့်စက်ပစ္စည်း(၃)မျိုး |
၈.၃၇၉ |
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်း များနှင့်ဆက်စပ်သော ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် |
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ရွာသာကြီးဘက်စုံ မွေးမြူရေးစခန်းရှိ အောက်ဖော်ပြပါ မြေနေရာအား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့် ဆက်စပ်သော ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-
၂။ တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စုံလျှင် ကျပ်(၁၀၀၀ဝိ/-)နှုန်းဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း
လာရောက်ဝယ်ယူရရှိ နိုင်ပါသည်။
၃။ တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၂၄- ၂-၂၀၂၆)ရက် (၁၆:၀၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲသို့ ပေးပို့တင်ပြရမည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
