Skip to main content
x

ကျေးလက်ကုန်ထုတ်လမ်းနှင့်ကျေးလက်ရေပေးရေးလုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

လေးမျက်နှာဇွန်၁၅
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၀-၂၀၂၁ခု၊ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ခဲ့သော ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက် ရေပေးရေးလုပ်ငန်းများအား သက်ဆိုင်ရာကျေးရွာကော်မတီများသို့လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအားဇွန်လ (၁၅)ရက်နေ့နံနက် (၁ဝးဝ၀)နာရီအချိန်ကအဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးတင်ဦးမှ အမှာစကားပြောကြားပြီး လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစိုးကျော်သူမှလုပ်ငန်းများလွှဲပြောင်းပေးရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီးတာဝန်ရှိသူများမှ ကျေးရွာကော်မတီများထံသို့ လုပ်ငန်းနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ထို့နောက်လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှကျေးရွာကော်မတီများအား လည်ပတ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုနည်းပြဆင့်ပွားသင်တန်းများအား ပို့ချပေးခဲ့ပြီး အခမ်းအနားသို့မြို့နယ်အဆင့်ဌာနဆိုင်ရာများကျေးရွာကော်မတီများစုစုပေါင်း (၃၀)ဦးတက်ရောက်ကြောင်းသတင်းရရှိပါသည်။