Skip to main content
x

တိရစ္ဆာန်ရောဂါစောင့်ကြည့်စစ်ဆေးရေးစခန်း တည်ရှိရာမူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အား ဗဟိုပြု၍ ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ထိန်းချုပ်ဇုန်၊ ကာကွယ်ရေးဧရိယာများ ထူထောင်မည်

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ထိန်းချုပ်ဇုန်၊ ကာကွယ်ရေးဧရိယာများထူထောင်ခြင်း (ကွတ်ခိုင်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာကုန်သွယ်မှုလုပ်ငန်းများ ဖွံဖြိုးလာစေရေးနှင့် တရားဝင်နယ်စပ် ကုန်သွယ်ရေး ပုံမှန်ဆောင်ရွက်နိုင်ရေးတို့အတွက် (၁၈-၁-၂၀၂၀)ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကျွဲ/ နွားအရှင်တင်ပို့မှုနှင့်ပတ်သက်သည့် ကျွဲနွားများထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်များ အစီအမံအားနှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အားဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ အသားစားကျွဲ/နွားများတင်ပို့နိုင်ရန် ရောဂါထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေစခန်း၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ထိန်းချုပ်ဇုန်နှင့် ကာကွယ်ရေးဧရိယာများထူထောင်ခြင်းအား မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၄-၇-၂၀၂၀)ရက်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။ 

ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ထိန်းချုပ်ဇုန်၊ ကာကွယ်ရေးဧရိယာများထူထောင်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှုလျော့ချနိုင်၍ ဒေသခံမွေးမြူသူများ၊ တောင်သူများလူမှုဘဝဖွံဖြိုးတိုးတက်မှုရရှိလာနိုင်ခြင်းနှင့်တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများကုန်သွယ်မှုစျေးကွက်အခွင့်အလမ်းများ ရရှိလာပြီး တိုင်းပြည်ဝင်ငွေတိုးတက်ရရှိနိုင်မည်ဖြစ်ပါသည်။