Skip to main content
x

ဟိုပုံးမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေး ကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ နှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟော‌ပြော

       ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟိုပုံးမြို့နယ်ရှိ  ငါးမွေး တောင်သူများအား  အောက်တိုဘာ ၁၂ ရက် ၊ နံနက်ပိုင်းက အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့်  ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး  အသိပညာပေး ဟော‌ ပြောပွဲကို တွံတီးကျေးရွာရှိ ဘုန်းကြီးကျောင်း၌ကျေးရွာတွင် ကျင်းပသည်။                                   

အဆိုပါဟောပြောပွဲတွင် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဦးသော်ထွန်းဦးက  အယ်လ်နီညိုကျရောက်မှုကြောင့် ငါးမွေးမြူရေးကန်များ  အပူချိန်မြင့်တက်၍ ကန်ရေအောက်စီဂျင် လျော့နည်းမှုမဖြစ်ပေါ်စေရေးအတွက် မွေးငါး အရွယ်အစားတူညီစေရေး၊ ငါးထည့် သွင်းမွေးမြူသည့်အရေအတွက် လျော့ချမွေးမြူရေး ၊ အစာကျွေးနှုန်း မှန်ကန်ရေးနှင့်  မိုးအလွန်အကျွံ ရွာသွန်းခြင်းများကြောင့်  ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန် အချက် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားသင့်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ငါးလုပ်ငန်းဦးစီး ဌာန၊ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။