Skip to main content
x

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်၌ အယ်လ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြော

ရန်ကုန် အောက်တိုဘာ ၂၀

          ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန် ငါးလုပ်ငန်းစခန်းက အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေး ရုံး ၌ ကျင်းပ သည်။

          အသိပညာပေးဟောပြောပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန၊ လှော်ကားငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်အေးအေးမော်နှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်သင်းသင်းခိုင်များက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍာအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန်မြင့်မားဆုံး ကာလများဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးနှင့် ငါးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံပြည်သူများကြုံတွေ့ရမည့် အခြေအနေကို ကြိုတင်ပြင်ဆင် ထားရှိရန်၊ အယ်လ်နီညိုဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဖြစ်ပွားပြီးနောက်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်၊ အယ်လ်နီညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီး နောက်ဆက်လက်ဆောင်ရွက်ရမည့် အကြောင်းအရာများကို မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အသိပညာပေး ဟောပြော ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲကို လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာရှိ ‌မွေးမြူရေး လုပ်ငန်းရှင်များနှင့် ရေလုပ်သားစုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။