Skip to main content
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှပဒါးစိုက်ကွင်းအတွင်းရှိ မြေ(၄၂.၅)ဧကနှင့် ယင်းမြေပေါ်ရှိ ငါးကန် (၁၀)ကန်အား ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် ဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်းစည်းကမ်းချက် များနှင့်အညီ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားနိုင်ရန်အတွက် ငါးမွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/ အစိုးရအသိအမှတ်ပြု ဖွဲ့စည်းထားသော အသင်းအဖွဲ့များအား ငှားရမ်း လုပ်ကိုင်နိုင်ခွင့်ရရှိစေရန် ဖိတ်ခေါ်အပ်ပါသည်-

၂။

တင်ဒါပုံစံရောင်းချမည့်ရက်

-

၁၅-၇-၂၀၂၅ မှ ၂၈-၇-၂၀၂၅ ထိ

၃။

တင်ဒါပုံစံရောင်းချမည့်နေရာ

-

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ

 ရုံးအမှတ်(၅၀)၊ နေပြည်တော်

၄။

တင်ဒါလျှောက်လွှာလက်ခံမည့်ရက်/ နေရာ

-

၃၁-၇-၂၀၂၅ ရက်နေ့၊ (၁၃:၀၀)နာရီ

စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေး ဌာနခွဲ၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်

၅။      အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ရုံးအမှတ် (၅၀)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်း ၀၆၇၃-၄၃၁၃၁၅၊ ၀၉-၂၅၆၄၅၅၅၈၇ တို့သို့ ဆက်သွယ်၍လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

စိုက်ပျိုးရေးဦးစီးဌာန