Skip to main content
x

မန္တလေးတိုင်းဒေသကြီး၏ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး ရေးနှင့် အသားထုတ်လုပ်မှု ကဏ္ဍတိုးမြှင့်ရေး ကြိုးပမ်း ဆောင်ရွက်

မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရန် အလားအလာ ကောင်း သော ဒေသတစ်ခုဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးအတွင်း တိုင်းရင်းကြက် မွေးမြူရေး လုပ်ငန်း များ ပိုမိုဖွံ့ဖြိုး လာစေရေး အားပေး ဆောင်ရွက် ရန် နှင့် သိုး ၊ ဆိတ် ၊ နို့စားနွား ၊ ဝက်မွေးမြူရေး ၊ ဥစားကြက်၊ အသားစား ကြက် မွေးမြူရေး လုပ်ငန်းများ ကို ကောင်းမွန် သော မွေးမြူရေး ကျင့်စဉ်(GAHP-ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူထုတ်လုပ်မှု အားကောင်း လာစေရေး အတွက် ပုဂ္ဂလိက လုပ်ငန်း ရှင်များ၊ မွေးမြူရေး တောင်သူများ ၏ လိုအပ် ချက်များ ဖြည့်ဆည်း ကူညီ ပေး နိုင်ရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၃၀)ရက် နေ့ က မန္တလေး တိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေး ဦးစီး ဌာနရုံး ၌ တိုင်း၊ ခရိုင်အဆင့် တာဝန် ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

တွေ့ဆုံပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ လျာထားချက် နှင့် လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု၊ တိရစ္ဆာန် နှင့် တိရစ္ဆာန် ထွက်ပစ္စည်း ထုတ်လုပ်ခြင်း ၊ ကျွဲ၊ နွားရောဂါ ကာကွယ် ဆေးထိုး လုပ်ငန်းနှင့် မေထုန်မဲ့ သားစပ် ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ တိရစ္ဆာန် မွေးမြူရေး ဇုန်များ ထူထောင် ဆောင်ရွက် ခြင်း ၊ တိရစ္ဆာန်အစာ၊ ဆေးဝါး ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ စစ်ဆေးခြင်း၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးမြှင့် သရုပ်ပြနှင့် သုတေသန ခြံများ ဆောင်ရွက်ခြင်း လုပ်ငန်းများ နှင့် ပြည်ပသို့ ကျွဲ၊ နွား ၊ သိုး၊ ဆိတ်များ တင်ပို့နိုင်ရန် ကျန်းမာရေး စစ်ဆေး ပေးနိုင်မှု အခြေ အနေများကို တာဝန်ရှိ သူများ က ရှင်းလင်း တင်ပြ ကြရာ ဒုတိယ ဝန်ကြီး က နို့စားနွား မွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ပိုင် တစ်နိုင် ယူနစ် အလိုက် မွေးမြူရေး ဆောင်ရွက် ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင် ရွက် ရန် လိုအပ်ချက် များ၊ အစားအစာ ဘေးကင်း လုံခြုံရေး အလေးထား ဆောင်ရွက်ရန် ၊ သဘာဝ အရင်း အမြစ်များ ကို ရေရှည် ထိန်းသိမ်းပြီး ဒေသတွင်း ကူးစက် ရောဂါများ ကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင် ကာကွယ် ရေး လိုအပ် ချက်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် မန္တလေး တိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ဓါတ်ခွဲခန်း လုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) သို့ ရောက်ရှိကြရာ  စိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်း လေ့ကျင့်ရေး သင်တန်း ကျောင်း နှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး နှင့် ကျောင်အုပ်ဆရာမကြီး တို့က စိုက်ပျိုးရေးသိပ္ပံကျောင်း ၏ စာတွေ့ လက်တွေ့ သင်ကြားနေမှုအခြေအနေများကို ရှင်းလင်း တင်ပြ ကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆွေးနွေး မှာကြားရာ၌ ကျောင်းဆင်း မောင်မယ်များ အနေဖြင့် ခေတ်မီ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ် များ ကို အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်တွေ့ အသုံးချ နိုင်မှု နှင့်အတူ နည်းပညာ ပြန့်ပွား ရေး လုပ်ငန်း များတွင် အားကိုးအားထားပြုနိုင်သော အကျိုးဆောင် တောင်သူများဖြစ်စေရေး မျှော်မှန်းပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် လိုအပ် ချက် များ ကို ဆွေးနွေးမှာကြား သည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်း၏ လက်တွေ့ သင်ကြားမှု အထောက်အကူပြု မွေးမြူရေးခြံများ နှင့် ငါးမွေးမြူရေး ကန်များ ကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ညနေပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဧည့်ရိပ်သာတွင်  တိုင်း ဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍သီးနှံအလိုက် အကျိုး အမြတ် အများဆုံး ရရှိသည့် စိုက်ပျိုးရေး နည်းစနစ် များ ကို ပညာပေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ငါးသယံဇာတများ ထိန်းသိမ်းရေး၊ စိုက်ပျိုး မွေးမြူ ရေး ထွက်ကုန် အခြေခံ သော တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရေး နှင့် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြုပ် တိုးမြှင့် ဆောင်ရွက် ရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ ၊ ဆည်ရေများ အလေအလွင့် မရှိ စနစ်တကျ သုံးစွဲ နိုင်ရေး စီမံ ဆောင်ရွက်ရန် လိုအပ် ချက်များ ၊ ရာသီ အလိုက် စိုက်ပျိုးမည့် သီးနှံပုံစံ ရေးဆွဲ ရာ၌  သီးနှံ၏ သက်တမ်း နှင့် ရေလိုအပ်ချက် ကို  တွက်ချက် ရန် နှင့် ရေသွင်းစနစ်များ ချိန်ညှိ ဆောင်ရွက် ရန် လိုအပ် ချက် များကို ဆွေးနွေး မှားကြား ခဲ့ကြောင်း သိရသည်။

credit: www.agri.com.mm