Skip to main content
x

တံတားဦးမြို့နယ်၌ Transplanter Mounted Boom Sprayer ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကျင်းပ

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှု လယ်ယာဦးစီးဌာနနှင့် ပြူကန်ခေတ်မီ စံပြကျေးရွာ တောင်သူများ ပူးပေါင်း၍ Transplanter Mounted Boom Sprayer ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကို စက်တင်ဘာ(၁၃)ရက်က ကွင်းအမှတ် (၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချို၏ လယ်၌ ကျင်းပသည်။

    အဆိုပါ သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် အမှတ်(၂၃) စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးတင့်ဇော်က Transplanter Mounted Boom Sprayer ဖြင့် ဆေးဖျန်းခြင်းအားဖြင့် လုပ်သားရှားပါးမှု ပြဿနာမှ ကျော်လွန်အောင် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊ ကောက်ပင်များ နေ၊ ရေ၊ လေ အာဟာရမျှတစွာ စားသုံးရခြင်း၊ စပါးခင်းကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

   ထို့နောက် ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ တံတားဦးမြို့နယ် အမှတ် (၂၃)စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီး ဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ဆေးဖျန်းကိရိယာဖြင့် ဆေးဖျန်းခြင်းကို ကြည့်ရှုလေ့လာကြ သည်။

    အဆိုပါ ဆေးဖျန်းကိရိယာတွင် ဆေးဖျန်းခေါင်း ၂၅ခုပါရှိပြီး ဆေးဖျန်းလက်တံ (၂၅)ပေ ရှည်လျားကာ ဆေးဖျန်းကိုင်း နှစ်ကိုင်းပါပြီး ၁ပေကြား ဆေးဖျန်းလျှင် နှစ်လိုင်းဖွင့်စနစ်၊ ၂ပေကြား ဆေးဖျန်းလျှင် တစ်လိုင်းဖွင့်စနစ်ဖြင့် ဆေးဖျန်းနိုင်ကြောင်း၊ ဆေးဖျန်းကိရိယာတွင် ဂါလန် ၃၀ ဆံ့ ဆေးဖျန်းပုံး ပါဝင်ကြောင်း သိရသည်။