Skip to main content
x

လယ်ယာကဏ္ဍလုပ်ငန်းများအပေါ် (COVID-19) ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုနှင့် ပြန်လည်ကောင်းမွန်စေရန် အကြံပြုချက်များသုတေသန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန လက်အောက်ရှိ စိုက်ပျိုးစီးပွားနှင့်ဈေးကွက်သုတေသနဌာနစု၏ သုတေသနလုပ်ငန်း ဆောင်ရွက်ချက် တစ်ခုဖြစ်သည့် လယ်ယာကဏ္ဍလုပ်ငန်းများအပေါ် (COVID-19)ကပ်ရောဂါ၏ အကျိုးသက်ရောက်မှု နှင့် ပြန်လည်ကောင်းမွန်စေရန် အကြံပြုချက်များအား လေ့လာခြင်း သုတေသနကို ဆောင်ရွက်လျှက် ရှိပါသည်။

            ၎င်းသုတေသနအား (COVID-19)ကပ်ရောဂါကာလအတွင်း ကျေးလက်ဒေသစိုက်ပျိုးရေး နှင့် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းဝယ်မှုအပေါ် အကျိုးသက်ရောက်မှုများကို ဖော်ထုတ်၍       သုတေသနခြံများ၊ စိုက်ပျိုးပညာပေးအဖွဲ့များနှင့် တောင်သူများပူးပေါင်း၍  အခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ သုတေသနပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

            အဆိုပါ သုတေသနတွင် အချက်အလက်များအား စစ်တမ်းကောက်ယူခြင်း၊ ဆောင်ရွက်ပြီး သုတေသနများ ပြန်လည်လေ့လာသုံးသပ်ခြင်း၊ ဒေတာသွင်းခြင်းနှင့် စီစစ်သုံးသပ်ခြင်း၊ စာတမ်း ရေးသားပြုစုခြင်း လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်းကို သုတေသနလှုပ်ရှားမှုတစ်ခု အဖြစ် ဖော်ပြအပ်ပါသည်။