Skip to main content
x

ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့်အဖွဲ့၊ ပြင်ဦးလွင်ခရိုင်ကျေးလက် မှ ဦးဇေယျာညို (ခရိုင်ဦးစီးမှူး)၊ ပြင်ဦးလွင်မြို့ နယ်ကျေးလက်မှ ဦးဆန်းမင်း(မြို့နယ်ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျွန်းတပင်ကျေးရွာမှာ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးငွေကျပ် သိန်း (၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် များ က အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ Royal Strength ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ညောင်သာယာကျေးရွာ ကုန်ထုတ်လမ်းဖောက် လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်ဝင်းမှ လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။