Skip to main content
x

ဈေးကွက် လိုအပ်ချက် ရှိနေသည့် သီးနှံများဖြစ်စေရေး အတွက် သီးနှံပုံစံများ စနစ်တကျ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်

နေပြည်တော် ဇွန် ၁၇

ကိုဗစ်-၁၉ ကြောင့် အခြားကဏ္ဍများ ရပ်တန့်ခဲ့သော်လည်း လူတို့၏ ရှင်သန်ရေး အတွက် စားနပ်ရိက္ခာ လိုအပ်ချက် အရင်း အမြစ် ဖြစ်သည့် လယ်ယာကုန်ထုတ် လုပ်ငန်း မှာ အရှိန်အဟုန်မပျက်  ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရေး နှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်သည့် ရေခံမြေခံကောင်းရှိသော စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာ ထွက်ကုန်များအနေဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်စေရေး နှင့် ဈေးကွက် လိုအပ်ချက် ရှိနေသည့် သီးနှံများထုတ်လုပ်နိုင်ရေး အတွက် သီးနှံပုံစံများ စနစ်တကျ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုး လာရေး အတွက် ရင်းနှီးမြုပ်နှံသူများကို အားပေးကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဇွန်လ(၁၄)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး တွင် ကျင်းပပြုလုပ်သည့် လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ဝန်ကြီးဌာန နှင့် တိုင်းဒေသကြီးအစိုးရတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးမောင်မောင်လင်း နှင့် ကောင်စီဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ၏ လယ်ယာကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုင်းရုံးအဆောက်အအုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်မှု ဆောင်ရွက်ရေး၊ လွှတ်ကျောင်းစနစ် မှ တိရစ္ဆာန်အစာပင် နှင့် မြက်မျိုး ကောင်းများ စိုက်ပျိုးကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးလာရေး၊ တိရစ္ဆာန်မွေးမြူသူ တောင်သူ များ ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး အလေးထားဆောင်ရွက် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။ 

အလားတူ မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာရှိ ဒေသနွားမျိုးထိန်း၊ မျိုးပွားနှင့် တိရစ္ဆာန် အစားအစာဖွံ့ဖြိုးရေးသုတေသနခြံ သို့ သွားရောက်ပြီး  ဒေသနွားမျိုးရင်းများ ထိန်းသိမ်းရေး၊ ဒေသမျိုးရင်းနွာများနှင့် တိရိစ္ဆာန်အစာထုတ်လုပ်မှုဆိုင်ရာ သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမှုမြို့နယ် ပျော့ရွာလျှပ်စစ်မြစ်ရေတင် သောက် (GAP)စနစ်ဖြင့် စိုက်ပျိုးထားရှိသော မိုးကြိုပဲတီစိမ်း စိုက်ခင်းတွင် ဥကပ်ပါးနဂျီလွှတ်၍ ဇီစနည်းဖြင့် ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ် ပြပွဲ သို့ ရောက်ရှိကြပြီး ဒေသနေတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် လယ်ယာကုန်ထုတ်သမဝါယမ အသင်းများဖွဲ့စည်းလုပ်ကိုင်နိုင်ရေးအကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။