Skip to main content
x

ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(ကြို့ကုန်း)၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အင်းစိန်မြို့နယ်၊ အနောက် ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(ကြို့ကုန်း)တွင်အခြေခံကွန်ပျူတာသင်တန်းကို နိုဝင်ဘာလ(၂၀)ရက် နံနက် ၉နာရီက အဆိုပါ သင်တန်းခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(ကြို့ကုန်း) သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုက အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဌာနတွင်းဝန်ထမ်း သင်တန်းသား ကျား(၆)ဦးနှင့် သင်တန်းသူမ(၁၄) ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိသည်။ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန စာကြည့်တိုက်နှင့် ကွန်ပျူတာဌာနစုမှ ဒုတိယဦးစီးမှူး ဒေါ်ဝိုင်းမှိန် အပါအဝင် ဆရာမ(၃)ဦးက သင်တန်းပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။