Skip to main content
x

မင်းဘူးမြို့၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်

မင်းဘူး    နိုဝင်ဘာ   ၇

          မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်ငါးလုပ် ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ပေါများစေရေး၊ ဒေသနေပြည်သူ များ သဘာဝရေပြင်မြစ်ချောင်းများတွင် ငါးများ ပိုမိုဖမ်းယူစားသုံးနိုင်ရေးအတွက် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်အနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့နံနက် (၇:၃၀)နာရီအချိန်တွင် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီး ဌာနမှူး ဦးထွန်းလှအောင်နှင့်ဝန်ထမ်းများ၊  မင်းဘူး(စကု)မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြင်နှင့်ဝန်ထမ်းများ၊ ပွင့်ဖြူငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့်ဝန်ထမ်းများ၊ ရေလုပ် သားများ၊ ဒေသခံပြည်သူများ တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၅၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)အား ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။