Skip to main content
x

ပွင့်ဖြူမြို၌ အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ငါးကဏ္ဍအပေါ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ပွင့်ဖြူ အောက်တိုဘာ ၁၉

      မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပွင့်ဖြူမြို့နယ်အတွင်း အယ်လ်နီညိုရာသီဥပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းကဏ္ဍအပေါ်သက် ရောက်နိုင် မှုများနှင့်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန က ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ၌ အောက်တိုဘာ ၁၉ ရက်က ဟောပြောသည်။

     အယ်နီညိုပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ငါးလုင်ငန်းဦးစီးဌာနမှုး ဦးသိန်းကိုကိုထွန်းမှ

အယ်လ်နီညို ဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန်မြင့်မားသည့် ကာလများ ဖြစ်သော ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင် ကြသည့်  ဒေသခံပြည်သူများကြုံတွေ့ရမည့်အခြေအနေများကို ကြိုတင်ပြင်ဆင်ထားရှိရန် အယ်လ်နီ ညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် လုပ်ဆောင်ရမည့်လုပ်ငန်းများကိုလည်းကောင်း ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် ငါးမွေးမြူတောင်သူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကာငါးမွေးကန်ပိုင်ရှင်(၂၂)ဦးတက်ရောက်သည်။