Skip to main content
x

စစ်တွေမြို၊ ရေချမ်းပြင်ပုစွန်သားပေါက်စခန်း၌ ရေငန်ပုစွန်မွေးမြူရေး ဟောပြောဆွေးနွေး

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာမှကြီးမှူး၍ ပြည်နယ်အတွင်း ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရေငန်ပုစွန်မွေးမြူရေးဟောပြောဆွေးနွေးပွဲ အခမ်းအနားကို စစ်တွေမြို့နယ် ရေချမ်းပြင်ပုစွန်သားပေါက်စခန်း၌ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့

သည်။

          အဆိုပါဟောပြောပွဲတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး(ယာယီ)ဦးအောင်တင်စောမှ အဖွင့် အမှာစကားပြောကြားရာ၌ ရခိုင်ပြည်နယ်အတွင်း ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်နှင့် သမရိုးကျ မိရိုးဖလာနည်းဖြင့်မွေးမြူသည့်စနစ်မှ ကန်ကျယ်အတွင်း ဖြည့်စွက် (သားပေါက်နှင့်အစာ)မွေးမြူသည့်နည်းစနစ်များဖြင့် မွေးမြူနိုင်ရေးအတွက် နည်းပညာများဖြန့်ဝေ ပေးရခြင်းဖြစ်ပါကြောင်း၊ ပုစွန်မွေးမြူသူများအနေဖြင့် မွေးမြူသည့်နည်းစနစ်ကို ပြောင်းလဲမွေးမြူ ပါက ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရေချမ်းပြင်စခန်းတာဝန်ခံ ဦးကျော်ထွန်းစံနှင့် အောင်တိုင်စခန်းတာဝန်ခံ ဦးမိုးဆွေတို့မှ ရေငန်ပုစွန်မွေးမြူရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်၊ ဆက်လက်ပြီး ရေအရည်တိုင်းတာခြင်းအားလက်တွေ့ပြုလုပ်ခဲ့ပြီး တက် ရောက်လာသူများမှ သိရှိလိုသည်များ‌ မေးမြန်းမှုအပေါ် တာဝန်ရှိသူများ ပြန်လည်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ စစ်တွေတက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကျောင်းသားကျောင်းသူများ နှင့် ပုစွန်မွေး တောင်သူ စုစုပေါင်း (၂၃)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။