Cash Memo အသုံးပြုမည့် အမှတ်တရပစ္စည်းအရောင်းဆိုင်များလိုက်နာရမည့် စည်းကမ်းချက်များ

(၁) ပြေစာပေါ်တွင် အသုံးပြုသည့် အမှတ်တရပစ္စည်းအရောင်းဆိုင်၏ အမည်၊ လိပ်စာ၊ တယ်လီဖုန်း အမှတ်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်မှတ်ပုံတင် အမှတ်များကို ထင်ရှားစွာရိုက်နှိပ်ဖော်ပြ ထားမည်။

      (၂)       ပြေစာကို (၄)စောင် ရေးသွင်းရမည်ဖြစ်ပြီး မူရင်းပြေစာကို ဝယ်ယူသူအားလည်းကောင်း၊ ပထမမိတ္တူကိုအကောက်ခွန်ဦးစီးဌာနအတွက်လည်းကောင်း၊ ဒုတိယမိတ္တူကို သမဝါယမဦးစီး ဌာနအတွက်လည်းကောင်း၊ ပေးဝေရန်ဖြစ်ပြီး ကျန်(၁)စောင်ကို ရောင်းချသည့် အရောင်းဆိုင်၏ လက်ခံအဖြစ် ထားရှိရန်ဖြစ်ပါသည်။ အကောက်ခွန်ဦးစီးဌာနအတွက် ပထမမိတ္တူကို ဝယ်ယူသူနှင့် တစ်ပါတည်းပေးလိုက်ရန် ဖြစ်ပါသည်။

(၃)       ပြေစာကိုပြေစာအမှတ်စဉ်များအတိုင်းသုံးစွဲရန်ဖြစ်ပြီးမှားယွင်းရေးသွင်းပါက ဖျက်ဆီးခြင်းမပြုဘဲ ပြေစာစာအုပ်တွင်ပင်ထားရှိရမည်။ ပြေစာအသုံးပြုခြင်းအတွက် မှတ်တမ်းစာအုပ်ဖွင့်လှစ်ရေးသွင်း ထားရှိရမည်။

      (၄)       သတ်မှတ်ပြေစာဖြင့် အမှတ်တရပစ္စည်းရောင်းချရာတွင် ပြေစာတစ်စောင်လျှင် မြန်မာငွေကျပ် (၁၅)သိန်းထက်မပိုစေဘဲရောင်းချရန်ခွင့်ပြုပါသည်။ ခွင့်ပြုချက်ထက်ပိုရောင်းပါက ရောင်းချသူနှင့် အရောင်းဆိုင်ကိုလိုအပ်သလိုအရေးယူမည် ဖြစ်ပါသည်။ ပြေစာပေါ်တွင် “မြန်မာငွေ ကျပ်(၁၅) သိန်းထက် မပိုရ” ဟူသောစာသားကိုထင်ရှားစွာရိုက်နှိပ်ထားရမည်။

      (၅)       ပြေစာတွင်ရောင်းချသည့်ပစ္စည်းမှာရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းထုတ်ဖော်ဝန်ခံကြေညာပြီး ဖြစ်၍လိမ်လည်ဆောင်ရွက်ခြင်းတွေ့ရှိပါကဥပဒေအရအရေးယူခြင်းခံယူရမည်။

      (၆)       အရောင်းဆိုင်က တာဝန်ယူရန် ခက်ခဲသည့် ရှေးဟောင်းပုံစံတူ ပစ္စည်းများအတွက် ရှေးဟောင်း သုတေသနဦးစီးဌာန၏ ထောက်ခံချက် ရယူနိုင်ပါသည်။

      (၇)       ဤပြေစာဖြင့် ရောင်းချရာတွင် မြန်မာကျပ်ငွေဖြင့်သာရောင်းချရမည်။

      (၈)       ဤကုန်ရောင်းပြေစာဖြင့် ရောင်းချသည့် မြန်မာကျပ်ငွေတန်ဖိုး၏ ၁% (တစ်ရာခိုင်နှုန်း) ကို စီမံဆောင်ရွက်ခအဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနငွေစာရင်း အမှတ်များသို့ မြန်မာကျပ်ငွေဖြင့် (၃)လတစ်ကြိမ် ပေးသွင်းရမည်။

      (၉)       ပြေစာသုံးစွဲမှုနှင့်စပ်လျဉ်း၍ သမဝါယမဦးစီးဌာနအဆင့်ဆင့်၏ ကြီးကြပ်မှုခံယူရမည်။

Cash Memo အသုံးပြုခွင့်ရအမှတ်တရပစ္စည်းအရောင်းဆိုင်( ၃၅)ဆိုင်စာရင်း

စဉ်

တိုင်းဒေသ
ကြီး/
 
ပြည်နယ်

အမှတ်တရပစ္စည်း
အရောင်းဆိုင်အမည်

ရောင်းဆိုင်
မှတ်ပုံတင်အမှတ်

တည်နေရာ

ရန်ကုန်

"စိန်စကြာ" လွယ်အိတ်အရောင်းဆိုင်

030/YGN

၁၅၁/၁၅၅၊ အနော်ရထာလမ်းနှင့်
မဟာဗန္ဓုလပန်းခြံလမ်းထောင့်
ကျောက်တံတားမြို့နယ်

 

 

"အောင်ပင်လယ်"Co-op Souvenir Shop

036/YGN

ရန်ကုန်လေဆိပ်၊ မင်္ဂလာဒုံ

 

 

"လပ်ကီးဂျိတ်" အမှတ်တရပစ္စည်း     အရောင်းဆိုင်

051/YGN

ဆရာစံပလာဇာ

 

 

‌"ခေတ်ဆန်းရတနာ" အမှတ်တရပစ္စည်း
အရောင်းဆိုင်

053/YGN

အမှတ်၄၈၊ ဗဟိုရုံ၊ဗိုလ်ချုပ်စျေး

 

 

"လှမြန်မာ" အမှတ်တရပစ္စည်း
အရောင်းဆိုင်

058/YGN

တိုက်၄၉၊ အခန်း၂၄၊ ဗဟိုစည် အိမ်ယာ၊လမ်းမတော်မြို့နယ်

 

 

Aung Wood Home Collection

062/YGN

အခန်း ၀၀၄၊ တိုက် - ၃၊ဝေဇယန္တာ လမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်

 

 

"ဘစိုးဥ"မြန်မာမှုအနုပညာရတနာ
အမှတ်တရပစ္စည်းအရောင်းဆိုင်

064/YGN

ဆရာစံပလာဇာ၊ ရန်ကုန်မြို့။
No (0208)၊ ဒုတိယထပ်၊ Excel Tower

 

 

‌"လောကသစ်(ပုဂံ)" အမှတ်တရပစ္စည်း
အရောင်းဆိုင်

072/YGN

အခန်း(၃) ၊ တိုက်၄၂(ဒီ)၊
တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်

 

 

Good Asia

077/YGN

အမှတ် ၇၊ ဥက္ကလာသီရိလမ်း၊ ၁၁၁ တိုးချဲ့ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်

 

 

၁၀

"အောင်ကျော်စံမွှေး"ကျောက်စိမ်းပန်းပု၊
သစ်သားပန်းပုနှင့် ကြိမ်အချောထည် အထွေထွေရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်

ဍ-၁၆၃၇-အထ/
ရန်ကုန်တိုင်း
ဒေသကြီး

အမှတ်(၂၃၄)၊ နံ့သာမြိုင်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

 

 

၁၁

"လှဒေဝီ" မြန်မာ့လက်မှု သစ်သားပန်းပုနှင့် ကြိမ်အချောထည် ထုတ်လုပ် ရောင်းဝယ် ရေး သမဝါယမအသင်း လီမိတက်

ဍ-၁၆၅၃-အထ/
ရန်ကုန်တိုင်း
ဒေသကြီး

အမှတ်(၁၃၆)၊ ဗားကရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

 

 

၁၂

"ခိုင်သစ္စာ" ကျောက်စိမ်း၊ကျောက် မျက် နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်

ဍ-၁၆၄၆-အထ/
ရန်ကုန်တိုင်း
ဒေသကြီး

ဆရာစံပလာဇာ၊တက္ကသိုလ်ရိပ်
သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။

 

 

၁၃

"သာကီ" မြန်မာ့လက်မှု အနုပညာ အမှတ်တရပစ္စည်း ထုတ်ထုပ်ရေး နှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်

ဍ-၂၄၃၃-အထ/
ရန်ကုန်တိုင်း ဒေသကြီး

၂၆/B မင်္ဂလာလမ်း၊8 Block, ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

 

 

၁၄

"ဂန္ဓမာ" ကနုကမာပစ္စည်း ထုတ်လုပ်ရောင်း ဝယ်ရေး သမဝါယမအသင်းလီမိတက်

ဍ-၁၅၁၈/စလ/ ရန်ကုန်တိုင်း

Room(0220),2nd Floor, Excel Treasure,Shwe Gon Daing, Bahan Township,Yangon

 

 

၁၅

"Golden Arts" အမှတ်တရလက်ဆောင် ပစ္စည်းနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်

ဍ - ၂၈၁၆/အထ/ ရန်ကုန်တိုင်း ဒေသကြီး

အမှတ် (၁၁) က၊ ကျောင်းလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့

မန္တလေး

၁၆

တော်ဝင်မြန်မာ့အနုပညာပစ္စည်း
အရောင်းဆိုင်

004/MDY

အမှတ်၁၉၈၊ ၂၉ လမ်း၊
၈၀ x ၈၁ ကြား

 

 

၁၇

"နန်းမြင့်"မြန်မာ့ရိုးရာလက်မှု ပစ္စည်းအရောင်းဆိုင်

022/MDY

အမှတ်(၁၉၀)၂၉လမ်း၊
၈၀X၈၁လမ်းကြား၊ချမ်းအေးသာစံ
မြို့နယ်

 

 

၁၈

"ရတနာပူရ"လက်မှုနှင့်အနုပညာ
ပစ္စည်းအရောင်းဆိုင်

025/MDY

၇၈လမ်းနှင့်၄၅လမ်းထောင့်
ချမ်းမြသာစည်မြို့နယ်

 

 

၁၉

"ကြည့်မွေ့ငြိမ်" မြန်မာ့ရိုးရာ
အမှတ်တရပစ္စည်းအရောင်းဆိုင်

033/MDY

၆၄/၄၁လမ်း(၈၃X၈၄)လမ်းကြား
မန္တလေးမြို့

 

 

၂၀

"သိန်းထိုက်ရှင်" မြန်မာ့လက်မှု အနုပညာပစ္စည်းအမှတ်တရ
အရောင်းဆိုင်

035/MDY

၅၂၊ ကျောက်ဆစ်တန်း၊
ကျွန်းလုံးဥသျှောင်ရပ်ကွက်၊
ချမ်းမြသာစည်မြို့နယ်

 

 

၂၁

စိုးမိုးမြန်မာ့လက်မှုအနုပညာပစ္စည်း
အမှတ်တရအရောင်းဆိုင်

036/MDY

အကွက်အမှတ်(၄၉၃)၊ စစ်ကိုင်း
လမ်းခွဲတမ္ပဝတီ

 

 

၂၂

"မြန်မာ့ရတနာ" အမှတ်တရပစ္စည်း
အရောင်းဆိုင်

037/MDY

၁၉လမ်း၊၈၂X၈၃လမ်းကြား၊
အကွက်(၁၄၄)မေဃဂီရိရပ်၊ အောင်မြေသာစံမြို့နယ်

Videos

 

 








 
 

On Facebook

Find us on >