(၁၂) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနား ပထမပိုင်းအစီအစဉ်အား ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် စိုက်ပျိုးရေး၊

မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာအောင်သူ တက်ရောက်

အမှာစကားပြောကြားကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များမှ ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းနှင့် ရွေ့လျားတိရစ္ဆာန်ဆေးကုသရေးယာဉ်အား

ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အား နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခွေးရူးရောဂါ ကာကွယ်ခြင်း

အကြောင်း သိကောင်းစရာများအားလည်းကောင်း၊ ပါမောက္ခဒေါက်တာမြင့်သိန်း က ခွေးရူးရောဂါထိန်းချုပ်ခြင်းနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များ

၏ အခန်းကဏ္ဍကိုလည်းကောင်း၊ Four Paw မှ ခွေးရူးရောဂါကာကွယ်ခြင်း ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီး

ဌာနမှ ဒေါက်တာမင်းသိမ်းမော် က ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ချက်များနှင့် ခွေးများတွင် ခွေးရူးရောဂါကင်းစင်ပပျောက်ရေးများ

ကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

 

Videos

 

 










 
 

On Facebook

Find us on >