ရည်ရွယ်ချက်

၁။      အနာဂတ်လူငယ်များ IQ (ဉာဏ်ရည်) မြင့်မားတိုးတက်စေရန် ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဉာဏ်စွမ်းရည်ထက်မြက်တဲ့ မျိုးဆက်သစ် အင်အားစုများရရှိ စေရန်အတွက် နိုင်ငံတော်စီမံကိန်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။

ဆောင်ရွက်ချက်များ

၂။      School Milk Pogram အား (၁၆-၉-၂၀၁၂) ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းမူလတန်းကျောင်းတွင် စတင်ခဲ့ပြီး နေပြည်တော်ရှိ အခြေခံပညာမူလတန်းကျောင်း (၈၁) ကျောင်းမှ ကျောင်းသူ/ကျောင်းသား (၃ဝဝဝဝ) ကို နို့တိုက်ကျွေး ခဲ့ပါသည်။

၃။     ၂၀၁၃-၂၀၁၄ ခုနှစ်တွင်နေပြည်တော်၊ ရန်ကုန်၊ ကယား၊ ကရင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ချင်းပြည်နယ်တို့တွင်စုစုပေါင်း ကျောင်းသားဦးရေ(၁၇၁၉၉၃) ဦးအား တိုက်ကျွေးနိုင်ခဲ့ပါသည်။

၄။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး (၃) ခုနှင့် ပြည်နယ် (၂) ခု ရှိ အခြေခံပညာကျောင်း စုစုပေါင်း (၇၂၉) ကျောင်းရှိ မူလတန်းကျောင်းသူ/သား စုစုပေါင်း (၁၂၅၉၃၆) ဦးကို နို့တိုက်ကျွေးနိုင်ခဲ့သည့်အပြင်ဧရာဝတီတိုင်းဒေသကြီးတွင် -

- ငပုတောမြို့နယ်၊ ကျုံကူး (အထက) နှင့် ရေကျော် (အလကခွဲ) ရှိ ကျောင်းသူ/သား (၃၁၄) ဦး၊

- လပွတ္တာမြို့နယ်၊ အမက (၁၀) ကျောင်းမှာ ကျောင်းသား/သူ (၁၄၇၁) ဦး စုစုပေါင်း (၁၂) ကျောင်းတွင် ကျောင်းသူ/သား (၁၇၈၅) ဦးကိုလည်း တိုးချဲ့နို့တိုက်ကျွေးနိုင်ခဲ့ပါသည်။

၅။      ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်လည်း  နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့အပြင်အခြား တိုင်းဒေသကြီး/ ပြည်နယ်ရှိ အခြေခံပညာကျောင်း စုစုပေါင်း (၃၃၇၇) ကျောင်းရှိ မူလတန်းကျောင်းသူ/ သား စုစုပေါင်း (၇၀၉၃၄၆) ဦးကိုနို့တိုက်ကျွေးနိုင်ခဲ့ပါသည်။

၆။      အခြေခံပညာကျောင်းများ နို့စတင်တိုက်ကျွေးသည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ ကျောင်းသူ/သားစုစုပေါင်း (၁၀၃၉၀၆၀) ဦး နို့တိုက်ကျွေးခြင်း အကျိုး ကျေးဇူးကို ခံစားရရှိခဲ့ပြီးဖြစ်ပါသည်။

၇။     ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများ ပူးပေါင်း၍ အလှူရှင်များပါဝင်လျှက် ဆောင်ရွက်ခဲ့ပါသည်။

၈။      အခြေခံပညာကျောင်းများ တိုးချဲ့နို့တိုက်ကျွေးနိုင်ရန်၊နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက်နွားမေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင်ရန် မျိုးချောင်းများနှင့် နိုက်တြိုဂျင်အရည်များ အခမဲ့ဖြန့်ဖြူးပေးခြင်း၊ နည်းပညာသင်တန်းများပေးခြင်း၊ မျိုးမြှင့်တင်ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်ဖြန့်ဖြူးပေးခြင်းများအား လည်း ဆောင်ရွက်လျှက်ရှိပါသည်။

၉။      နို့စားနွားမွေးမြူရေးဖွံ့ဖြိုးသောဒေသများတွင် နို့ပေါင်းစက်နှင့်နို့အအေးခံစက်များအား Public Private Partnership အခြေခံစနစ်ဖြင့် တည်ဆောက်သွားရန်အတွက် အလုံး (၈၀) ဖြန့်ဖြူးဆောင် ရွက်ပေးခဲ့ပါသည်။

၁၀။    ဒေသခံမွေးမြူသူတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်ရန်အတွက် ပညာပေးသင်တန်းများ၊ လူထုအသိပညာပေးလုပ်ငန်းများ၊ မီဒီယာပညာပေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။

 

Videos

 

 










 
 

On Facebook

Find us on >