နေပြည်တော် ဇွန် ၂၇

အခြေခံကျောင်းများ နို့တိုက်ကျွေးရေးဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ နန်းဩအခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကျောင်းသူ/ သား များအား နွားနို့နှင့်ကြက်ဥများ တိုက်/ကျွေးခဲ့ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

Videos

 

 










 
 

On Facebook

Find us on >