တက္ကသိုလ်၏နောက်ခံသမိုင်းကြောင်း

၁။        သမဝါယမတက္ကသိုလ်(သန်လျင်)သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်မြို့ အရှေ့တောင်ဘက် (၈)မိုင်ခန့်အကွာရှိ သန်လျင်မြို့

ကျိုက်ခေါက်ဘုရားလမ်းမကြီး၏ အရှေ့ဘက်၊ ရန်ကုန်သီလဝါမီးရထားလမ်း အရှေ့ဘက်နှင့်ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏အနောက်

ဘက် ညောင်သုံးပင်ရွာတွင်တည်ရှိပြီး၊ သမဝါယမ တက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်းမှာ (၂၀၈.၂၀၉)ဧက ရှိပါသည်။

၂။        ၁၉၇၀ခုနှစ်တွင် ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းကိုမရမ်းကုန်းမြို့နယ်၊ချော်တွင်းကုန်းတွင်စတင်ဖွင့်လှစ်ခဲ့ပြီးနောက်၊

ရန်ကုန်တိုင်းသန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။လှည်းကူးမြို့နယ်၊ဖောင်ကြီးဗဟိုသမဝါယမသင်တန်း

ကျောင်းတည်နေရာတွင် ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းနှင့် ပဲခူးတိုင်းသမဝါယမသင်တန်းကျောင်း(၂)ကျောင်းအား စုပေါင်း

ဖွင့်လှစ်ခဲ့ပါသည်။

၃။        ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့မှ ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းကို ရန်ကုန်သမဝါယမဒေသကောလိပ်

အဆင့်သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၉-၅-၁၉၉၄)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၀/၉၄)အရ (၂၁-၆-၁၉၉၄)

ရက်နေ့တွင် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

၄။        ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အဖွဲ့၏ ၁၉၉၆ခုနှစ် နို၀င်ဘာလ (၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၇/၉၆)ဖြင့်

ရန်ကုန်သမဝါယမဒေသကောလိပ်အား ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်

နှင့်  ပေါင်းစည်းဆက်သွယ်ပြီး ဘွဲ့ကြို(၃)နှစ်သင်တန်းဖွင့်လှစ်၍   ိဇ္ဇာဘွဲ့ စီးပွားရေးသိပ္ပံ B.A(Business Science) ဘွဲ့ဒီဂရီကို၂၀၀၉

-၂၀၁၀ ပညာသင်နှစ် အထိ ပေးအပ်ခဲ့ပြီး ၂၀၁၀-၂၀၁၁ပညာသင်နှစ်မှစ၍ စီးပွားရေးသိပ္ပံဘွဲ့ (B.BSc)ဘွဲ့ဒီဂရီကို ပြောင်းလဲပေးအပ်ခဲ့

ပါသည်။

၅။        ၂၀၁၂ခုနှစ် မေလ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေး

အမှတ်စဉ် (၂၀/၂၀၁၂) သဘောတူ ခွင့်ပြုချက်အရ ၀န်ကြီးရုံး၏ (၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂)ဖြင့်

သမဝါယမ၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာနအောက်ရှိ ရန်ကုန်သမဝါယမဒီဂရီကောလိပ်အား သမဝါယမတက္ကသိုလ်(သန်လျင်)

အဖြစ်အဆင့်တိုးမြှင့်ခဲ့ပါသည်။တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပြီးနောက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စီးပွားရေးသိပ္ပံဘွဲ့ အား

စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု

ပညာနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာစသည့် အထူးပြုဘာသာရပ်(၅)ခုဖြင့် သင်ကြားခဲ့ပြီး အထူးပြုဘာသာရပ်အလိုက်

ဘွဲ့များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အကုန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ အပ်နှင်းချီးမြှင့်နိုင်မည် ဖြစ်ပါသည်။ အထူးပြုဘာ

သာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်သင်ကြားခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်

လျက်ရှိပါသည်။ အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့သင်တန်းများကို  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်သင်ကြားခဲ့ပြီး ၂၀၁၇

-၂၀၁၈ ပညာသင်နှစ်အကုန်တွင် အပ်နှင်းချီးမြှင့်နိုင်မည် ဖြစ်ပါသည်။

မျှော်မှန်းချက်

          အမျိုးသားရေးစိတ်ဓါတ်နှင့်လူမှုရေးစိတ်ဓါတ်အခြေခံရှိပြီးအရည်အချင်း ပြည့်ဝသောလူမှုစီးပွားရေးပညာတတ်လူ့စွမ်းအားအရင်း

   အမြစ်များကိုမွေးထုတ်ပေးနိုင်သည့် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုတက္ကသိုလ် ဖြစ်လာစေရန်။

ရည်ရွယ်ချက်

(၁)       လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောလူ့စွမ်းအား အရင်းအမြစ်များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။

(၂)      တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ် ထွန်းရေးကိုဦးတည်လေ့ကျင့်ပေးရန်။

လုပ်ငန်းတာဝန်များ

(၁)       နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အကျင့်စာရိတ္တနှင့် ပေါင်းသင်းဆက်ဆံရေး

            ကောင်းမွန်သည့် ပညာတတ် လူငယ်များ မွေးထုတ်ပေးရန်။

(၂)       အရည်အသွေး အာမခံချက်ရှိသောသင်ကြားမှု၊ သင်ယူမှုနှင့်သုတေသနဆိုင်ရာ ပတ်ဝန်းကျင်စဉ်ဆက်မပျက်ရှိစေရန်။

(၃)       တက္ကသိုလ်ဆရာ၊ဆရာမများအရည်အသွေးမြှင့်တင်ရေးဆောင်ရွက်ရန်။

(၄)       မျိုးဆက်သစ်လူငယ်များကို အရည်အသွေးပြည့်ဝသောစွန့်ဦး တီထွင်သူများ ဖြစ်လာ စေရေ လေ့ကျင့်ပျိုးထောင်ပေးရန်။

(၅)       ဘွဲ့ရလူငယ်များအတွက်အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်ရန်။

(၆)       သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာ အထောက်အကူပြု ဆောင်ရွက်ပေးရန်။

(၇)       လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက်သုတေသနလုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်ရန်။

 

ဖွဲ့စည်းပုံ

Videos

 

 










 
 

On Facebook

Find us on >