အမည်

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)

တည်နေရာ

မန္တလေးနှင့်ရွှေဘို-မုံရွာသွားလမ်း၏ အရှေ့ဘက်ရွာထောင်တိုက်နယ် ရွှေသမားရပ်ကွက်တွင်တည်ရှိသည်။

အကျယ်အဝန်း

မူလဧရိယာ (၁၉.၇၀)ဧက၊ တိုင်းသမဝါယမဦးစီးမှူးရုံးမှ လွှဲပြောင်းဧရိယာ (၁.၇၁)ဧကနှင့် ပင်မအဆောက်အဦဆောက်လုပ်ရန်အတွက်

လွှဲပြောင်းရယူခဲ့သည့် စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေနေရာ(၂.၇၁၄)ဧက၊ ဝါကြိတ်စက်(စစ်ကိုင်း)ပိုင်မြေနေရာ(၁.၉၂၈)ဧက၊ စုစုပေါင်း

(၂၆.၀၅၂)ဧက ကျယ်ဝန်းပါသည်။

သမိုင်းကြောင်း         

 (၁၀-၁-၁၉၈၂)ခုနှစ်မှ(၂၅-၈-၁၉၉၆)ခုနှစ်ထိ ကချင်၊ ချင်းနှင့် စစ်ကိုင်း၊ ပြည်နယ်/တိုင်း သမဝါယမသင်တန်းကျောင်း /           

(၂၆-၈-၁၉၉၆)ခုနှစ်မှ(၁၀-၂-၂၀၁၂)ခုနှစ်ထိသမဝါယမကောလိပ်/(၁၁-၂-၂၀၁၂)ခုနှစ်မှ ယနေ့ထိ သမဝါယမတက္ကသိုလ်(စစ်ကိုင်း)                   

တက္ကသိုလ် ဖြစ်ပေါ်လာပုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ (၅-၂-၂၀၁၂) စစ်ကိုင်းမြို့ခရီးစဉ်တွင်

တက္ကသိုလ်အဆင့်တိုးမြှင့်နိုင်ရေးအတွက်ဆွေးနွေးခဲ့ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်၏

(၁၁-၂-၂၀၁၂)ရက်နေ့ စစ်ကိုင်းမြို့ခရီးစဉ်တွင် တက္ကသိုလ်အဆင့်တိုးမြှင့်ရန် လမ်းညွှန်မှာကြားချက်အရ သမဝါယမကောလိပ်

(စစ်ကိုင်း)အား သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ်(၁၂-၂-၂၀၁၂) ပြည်ထောင်စုနေ့တွင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ပြီး ရုံးလုပ်

ထုံးလုပ်နည်းများနှင့်အညီ တက္ကသိုလ်အဆင့်ဖွဲ့စည်းပုံကို အထက်ဌာနအဆင့်ဆင့်သို့တင်ပြဆောင်ရွက်ခဲ့ရာတွင် ပြည်ထောင်စု

သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏(၃၁-၅-၂၀၁၂)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၂)မှ သမ

ဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ ဖွဲ့စည်းပုံကိုအတည်ပြုခဲ့ပြီး သမဝါယမဝန်ကြီးဌာန၏(၂၁-၆-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၉/၂၀၁၂)ဖြင့်သမဝါယမတက္ကသိုလ်(စစ်ကိုင်း)အဖြစ်သို့အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။

မူဝါဒ

သမဝါယမမူဝါဒကို အခြေခံ၊ မိမိပိုင်ပစ္စည်းကဲ့သို့သဘောထား၊ ပုဂ္ဂလိကလုပ်နည်းလုပ်ဟန်ကျင့်သုံး၊ " စံ " နှုန်းများဖြင့်ထိန်း၊

လူမှုဘဝမြှင့်တင်ရေး၊ သမဝါယမဖြင့်ဆောင်ရွက်ပေး၊

တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမဖြင့်ဆောင်ရွက်ပေး၊

လူပုဂ္ဂိုလ်ရေးသည်သာမည၊ သမဝါယမအောင်မြင်ရေးသည်အဓိက၊

 

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ ရည်မှန်းချက်

အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးပညာတတ် လူ့စွမ်းအား

                အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖြစ်လာစေရန်။

 

                သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ လုပ်ငန်းတာဝန်များ

   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝပြီး တွေးခေါ်ကြံဆဝေဖန်

ပိုင်းခြားနိုင်သည့် ပူးပေါင်းဆောင်ရွက် တတ်သော   လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်။

တက္ကသိုလ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏အရည်အသွေးမြှင့်တင်

ရာတွင် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပညာရှင်များ၏ ပံ့ပိုးကူညီမှုကို ရယူဆောင်ရွက်ရန်။သုတေသန လုပ်ငန်းများကို

စဉ်ဆက်မပြတ်ဆောင်ရွက်၍ တွေ့ရှိချက်များကို လက်တွေ့ အသုံးချနိုင်ရေးဆောင်ရွက်ရန်။ဘွဲ့ရလူငယ်များ၏ အလုပ်အကိုင်

အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်။

လက်ရှိအခြေအနေနှင့်ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ဖြစ်လာစေရေးအတွက်

စဉ်ဆက်မပြတ်ဆောင်ရွက်ရန်။

ဖွဲ့စည်းပုံ

Videos

 

 










 
 

On Facebook

Find us on >